Thursday, April 17, 2014

မနက်ဖြန် “ ငြိမ်းချမ်းရေး ဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်း” ပြန်ဖွင့်ပြီ

မနက်ဖြန် “ ငြိမ်းချမ်းရေး ဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်း” ပြန်ဖွင့်ပြီ
************************************************
နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း နေ့စဉ်ဖွင့်လှစ် သင်ကြားပေးနေသော “ငြိမ်းချမ်းရေး ဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်း”ကို သင်္ကြန်ရက်အတွင်း ကျောင်းပိတ်ပေးခဲ့ပြီး မနက်ဖြန် (18-4-2014) မှ (27-5-2014) အထိ နေ့စဉ် ပိတ်ရက်မရှိ ပြန်လည် ဖွင့်လှစ် သင်ကြားပေးပါမည်..။
မေလ (၂၅- ၂၆- ၂၇) နေ့များတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ကျင်းပပေးသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှု (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) စာမေးပွဲတွင် ၀င်ရောက်ဖြေဆိုကြပါမည်..။
စာမေးပွဲပြီးသော မေလ(၂၇)ရက်နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပါမည်..။
သင်တန်းဆင်းပွဲတွင် ကျောင်းသား/သူများအား ကျောင်းစိမ်းဝတ်စုံ (၁)စီ၊ ဗလာစာအုပ် (၁)ဒါဇင်စီ၊ ခဲတံ (သို့မဟုတ်) ဘောလ်ပင် (၁)ဒါဇင်စီ ပေးအပ် လှူဒါန်းပါမည်..။
စာမေးပွဲ ၀င်ရောက်ဖြေဆိုသော ကျောင်းသား/သူများအား ပထမရလျှင် (၃၀၀၀၀ိ/-) သုံးသောင်းကျပ်။ ဒုတိယ ရလျှင် (၂၅၀၀၀ိ/-) နှစ်သောင်း ငါးထောင်ကျပ်။ တတိယ ရလျှင် (၁၅၀၀၀ိ/-) တစ်သောင်း ငါးထောင်ကျပ်။ ဂုဏ်ထူးဖြင့် အောင်မြင်လျှင် (၁၀၀၀၀ိ/-) တစ်သောင်းကျပ်။ ရိုးရိုး အောင်မြင်သူ အားလုံးကို (၅၀၀၀ိ/-) ငါးထောင်ကျပ် စီ “ငြိမ်းချမ်းရေး ဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်း”မှ အသီးသီး ဆုချီးမြှင့်ပေးသွားပါမည်..။

ဦးနရပတိ ဆရာတော်
ငြိမ်းချမ်းရေး ဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်း
ဖုန်း 09 - 444 030 770
Like · ·

No comments:

Post a Comment