Thursday, April 17, 2014

၁၃၇၆ နှစ်သစ် ရောက်လာပြီနော် .

၁၃၇၆ နှစ်သစ် ရောက်လာပြီနော် ...

အတိတ်ကို မေ့လိုက်ပါ ၊ မျက်ရည်ကို သုတ်လိုက်ပါ ၊
ဆုံးဖြတ်ချက် ကို ခိုင်ခိုင်မာမာ ချလိုက်ပါ ၊
အံ့ကိုကြိတ်ပါ.လက်သီးကို ဆုတ်လိုက်ပါ၊
မာန်ကိုထည့် လိုက်ပါ၊ အသက်ပြင်းပြင်းရှုလိုက်ပါ ၊

ဒီနေ့ပဲ ကျွန်တော်တို့အားလုံး ပျံသန်းတော့တယ်...
ကိုယ့်ဘ၀ရဲ့ အောင်မြင်မှု ပန်းတိုင် ဆီကိုပေါ့ ....
..............

နှစ်သစ်မှာ လူသစ်စိတ်သစ် ဘဝသစ်ကို ပိုင်ဆိုင်လိုသူများအနေနဲ့
-------------------------------------------------------------------
(၁) ကျန်းမာရေး ကောင်းအောင် ရေ များများ သောက်ပါ။

(၂) မနက်စာ ကို ကောင်းကောင်းစားပါ။ နေ့လယ်စာ ကို ပြလို ပြည့်ပြည့်စုံစုံ
စားပါ ။ ညနေစာ ကို တော့နည်းနည်းပဲ လျှော့စားပါ။

(၃) သဘာဝ အစား အစာများ ကို များများ စားပါ။
ready made ထုတ်လုပ်တဲ့ စားစာရာများ ကို လျော့စား ပါ။

(၄) အလုပ် တစ်ခု လုပ်တော့ မယ် ဆိုရင် တွေးတော ဆင်ခြင် ပါ။

(၄) တရား ထိုင်ပါ။ အာနာပါန အနည်းဆုံး မိနစ် ၃၀ တော့လုပ်ပေးပါ။

(၅) အားကစား လုပ်ပါ။ မလုပ်တတ်လျှင် လမ်းလျှောက်ပေးပါ ။

(၆) စာဖတ်ပါ။ ဘ၀ အတွက် ဗဟုသုတ ဖြစ်စေတာတွေဖတ်ပါ။

(၇) တိတ်ဆိတ် ငြိမ်သက် ပြီး စိတ်ကို လန်းဆန်း စေမည့် နေရာ မှာ တစ်နေ့ ကို ၁၀ မိနစ် ခန့် လောက် နေပေး ပါ။

(၈) တစ်နေ့ ကို အနည်းဆုံး ၆ နာရီ လောက် အိပ်ပေး ပါ။

(၉) တစ်နေ့ မှာ မိနစ် ၃၀ ခန့် လောက် လမ်းလျှောက် ပေးပါ။
လမ်းလျှောက် နေစဉ် မှာ ပြုံးပါ။

(၁၀) စိတ်တွေ အရမ်း မွမ်းကျပ် နေပြီး အလုပ် အတွက် ဘာမှ မကြံစည်
နိုင်ဘူး ဆိုလျှင် စိတ်ကို လန်းဆန်း စေမည့် ခရီး တစ်ခု ထွက် လိုက်တာ ဟာ အကောင်း ဆုံး ဖြစ် ပါတယ်။

(၁၁) အလုပ် ကို ပုံမှန် လုပ်ပါ။ ဒီနေ့ နည်းနည်း လုပ်ပြီး နောက်နေ့ အများကြီး လုပ်တာမျိုး ကို ဖြစ်နိုင် ရင် ရှောင်ပါ။

(၁၂) အချိန်တိုင်း ကို တန်ဖိုး ရှိစွာ အသုံးချ ပါ။

(၁၃) တစ်ပါး သူ အောင်မြင် တာကို မြင်လျှင် မနာလို မဖြစ် ပါနဲ့။
မိမိ ကိုယ်တိုင် ကြိုးစား ပါ။

(၁၄) သူငယ်ချင်း တွေ အပေါ် မှာ အနစ်နာ ခံပါ။ ထိုသို့ အနစ်နာ ခံခြင်း
ကြောင့် သင့်မှာ ပျော်ရွှင်မှု တွေကို ပိုမို ရရှိ စေနိုင် ပါတယ်။

(၁၅) ဘဝ ဟာ အလွန် တိုပါတယ်။ ဒါကြောင့် အမုန်းပွါး မှုတွေ ကို လျော့ ပြီး လူတိုင်း နှင့် တည့်အောင် ပေါင်းသင်း ဆက်ဆံ ပါ။

(၁၆) အရင် တုန်း က သူငယ်ချင်း တွေက ပေးခဲ့ သော လက်ဆောင် တွေကို
သိမ်း ထား ပါ။ ထို လက်ဆောင် တွေ က နောင် တစ်ချိန် သင့် ကို
ပျော်ရွှင် စေ ပါလိမ့် မယ်။

(၁၇) တစ်နေ့ တာ အတွက် များများ ပြုံးပါ။ များများ ရယ်ပါ။

(၁၈) အငြင်း အခုန် ဖြစ်လျှင် အလျော့ ပေးပါ။ အလျော့ ပေးခြင်း ဟာ
သင့်စိတ် ကို သက်သာ စေပါတယ်။

(၁၉) အဝေး တစ်နေရာ ကို ရောက်နေ လျှင် မိသားစု ထံသို့ ဖုန်း
ခဏ ခဏ ခေါ်ပါ။

(၂၀) အတွေး အခေါ် ကောင်းတဲ့ သူ ကောင်းသော အကြံဥာဏ် ပေးနိုင်
သူ ထံမှ အကြံ ဥာဏ် ယူပါ။

(၂၁) ဖြစ်နိုင် လျှင် သူငယ်ချင်း တွေ အားလုံး ကို အဆက် အသွယ်
မပြတ် ပါစေနဲ့။

(၂၂) နေမကောင်း ဖြစ် လျှင် အလုပ် မလုပ် ပါနဲ့။

(၂၃) မှန်ကန် သော နည်းလမ်းတွေ ကိုသာ ကျင့်ကြံ အားထုတ်ပါ။

( ၂၄) မနက်ခင်း အိပ်ယာ ထသော အခါ သဘာဝ အလှ အပ များ ကို
ကြည့်ရှု ခံစားပါ။ အသက်ပြင်းပြင်း ရှုးခြင်းကို အကြိမ် ၂၀ ခန့်
ပြုလုပ်ပေးပါ။

နှစ်သစ်မှာ ဗေဒင် ချစ် မိတ်ဆွေများ ၊ ရပ်နီးရပ်ဝေးမှ မိတ်ဆွေများအားလုံး ကောင်းသောလိုအင် ဆန္ဒများပြည့်စုံပြီး
ရတနာ ရွှေငွေ ဖြိုးကြွယ်မောက်ပြီး ၉၆ ပါး ရောဂါများမှ ကင်းဝေးလျှက်
မပင်မပန်း ရွှင်ရွှင်လန်းလန်း နဲ့ ၀င်ငွေကြမ်းတဲ့ကို ဖြစ်ပြီး
ရတနာ စိန်ကျောက် ဇယ်တောက်တန်း ကစားနိုင်ကြပါစေ ..
ချမ်းသာထီပေါက် နိဗ္ဗာန်ရောက် နိုင်ကြပါစေ ခင်ဗျာ ...
.........

credit to ဆရာ ဗေဒင် (Astrologer)
Bedin Sayar
Like · ·

No comments:

Post a Comment