Wednesday, April 23, 2014

ရင်နာစရာကောင်းလှသည့် မြန်မာ့မိခင်များ…

ကို မိုးသီး added 6 new photos.
3 hrs ·
ရင်နာစရာကောင်းလှသည့် မြန်မာ့မိခင်များ…… .ရေးဖွဲ့သူ---အရှင်တိလောကာဘိဝံသ(အင်းစိန်)
အတိတ်ကာလမှ ယနေ့ကျအောင် မြန်မာနိုင်ငံ၌ အမျိုးသမီးများ အိမ်ထောင်ရေးအတွက် စနစ်တကျ စောင့်ရှောက်ကာကွယ်ပေးသည့် ဥပဒေလုံလုံလောက်လောက် မရရှိခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက် လူမျိုးခြား၊ ဘာသာခြားတို့နှင့် အိမ်ထောင်ပြုကြသည့် အမျိုးသမီးများမှာ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာမရှိလောက်အောင် ထိခိုက်နစ်နာခဲ့ရသည်။ တရားရုံးအဆင့်ဆင့်ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိမြန်မာ့ဓလေ့ထုံးစံနှင့် ၁၉၅၄- ဥပဒေ သည်
မြန်မာအမျိုးသမီးလေးများကို အကာအကွယ်မပေးနိုင်ခဲ့။ ခံစားခွင့်လုံးဝမရရှိခဲ့။ မြန်မာအမျိုးသမီးလေးများသည် အနာဂတ်အရေးကို မတွေးမိဘဲ အချစ်စိတ်တစ်ခုတည်းကို ဦးစားပေးကာ လွယ်လွယ်ကူကူ လူမျိုးခြား၊ ဘာသာခြားတို့နှင့် အိမ်ထောင်ပြုမိကြသည်။ ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်မိကြ။
လူမျိုးခြား၊ ဘာသာခြား ခင်ပွန်းများလက်ထဲရောက်ပြီး ဘာသာရေးအရသော်လည်းကောင်း၊ အိမ်ထောင်ရေးအရသော်လည်းကောင်း မပြေလည်မှုများဖြစ်ပေါ်လာသောအခါမှသာ မိမိ၏အခြေအနေများကို အမှန်အတိုင်းသိမြင်ကြရသည်။ မိမိက မူရင်းရိုးရာ ဘာသာရှိသူ ဖြစ်ပါလျက် လူမျိုးခြား၊ ဘာသာခြားတို့၏ ဘာသာဖက်သို့မဖြစ်မနေ အ၀င်ခိုင်းခံရသည်။ မ၀င်ပြန်လျှင်လည်း တရားဝင်မယားအဖြစ်အသိအမှတ်အပြု မခံရ။ အပျော်မယားအဖြစ်သာ အထားခံရသည်။ တရားဝင်ဇနီးမယားဖြစ်စေရန် သူတို့ဘာသာဘက်သို့ ဇွတ်မှိတ်ဝင်လိုက်ရသော်လည်း ဘာသာခြား၊ လူမျိုးခြားတို့၏ ထားရာနေ၊ စေရာသွား ကျွန်ဘ၀ ၊အစေခံဘ၀အဆင့်လောက်သာ ရရှိကြသည်။ လူမျိုးခြား၊ ဘာသာခြားတို့က နောက်မိန်းမတွေ၊ မယားငယ်တွေ မှိုလိုပေါက်အောင် ယူသော်လည်း ပြောပိုင်ခွင့်၊ ဟန့်တားပိုင်ခွင့် လုံးဝမရရှိကြ။ မရရှိရုံပင်မက သူတို့မလိုလျှင် မလိုသလို ပစ်ထားခံရသည်။ ဘုံမယားအပြုခံရသည်။ သူတို့ပြုသမျှ နုကြရသည်။ သူတို့ပြုသမျှ နုရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့။ မြန်မာ့ဥပဒေဘက်ကလည်း ကယ်တင်၍မရ။ ဒူးနှင့်မျက်ရည်သုတ်နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်တော့။ မြန်မာအမျိုးသမီးလေးများ ဘ၀ကား မြက်မှိုလောက်မျှ တန်ကြေးမရှိတော့။ တချို့ဆိုလျှင် မခံနိုင်သည့်အဆုံး မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ကြသည်ကိုလည်း တွေ့ရ၊ သိရ၊ ကြားရသည်။

ဤကဲ့သို့ မြန်မာအမျိုးသမီးလေးများ ဒုက္ခပင်လယ်ဝေသည့်ဘ၀ရောက်ရခြင်းမှာ-
၁။ တဏှာရာဂ အလိုရမ္မက် နှိပ်စက်ခံရသဖြင့် အမှားအမှန်ကို မဝေခွဲနိုင်ခြင်း။
၂။ မိမိဘ၀ လတ်တလော စားဝတ်နေရေး ပြေလည်စေလိုခြင်း။
၃။ အရှည်မမြင်သည့် မိဘဆွေမျိုးများ၏ တွန်းပို့မှုခံရခြင်း။
၎။ မြန်မာ့လူမျိုး ဓလေ့စရိုက်အရ ပေါ့ပေါ့တွေး၊ ပေါ့ပေါ့ဆုံးဖြတ်ခြင်း၊ အညှာလွယ်ခြင်း၊ အားနာတတ်ခြင်း။
၅။ ဘာသာရေး အသိစိတ်ဓာတ် အခြေခံ အားနည်းခြင်း၊ မခိုင်မာခြင်း။
၆။ အချို့သော မြန်မာအမျိုးသားများကလည်း သားမယားကိုလုံလောက်အောင် လုပ်ကိုင်မကျွေးနိုင်ခြင်း စသော အကြောင်းပေါင်း မြောက်မြားစွာ အခြေခံနေသည်ကိုလည်း သတိပြုရပေမည်။
Like · ·

No comments:

Post a Comment