Saturday, April 19, 2014

တကယ်လို့ သာ …

တကယ်လို့ သာ ……
တစ်နိုင်ငံလုံးမှာ…..
ငြိမ်းချမ်းရေး ဆိုတာကြီး ပျက်စီးသွားခဲ့ ရင်…..
ခင်ဗျားတို့ ပြောတဲ့  ….
စိမ်းလန်းတဲ့ တောင်တန်းတွေပေါ်မှာ…..
ကတုတ်ကျင်းတွေ တူးထားလိမ့်မယ်……..

ခင်ဗျားတို့ ပြောတဲ့ ….
ရွှေဝါရောင် လယ်ကွင်းတွေထဲမှာ ….
ဗုံးဆန်တွေ ပြန့် ကျဲနေလိမ့်မယ်…..
ခင်ဗျားတို့ ပြောတဲ့  ….
အဖိုးတန် သစ်တောတွေထဲမှာ…
မိုင်းတွေ အထပ်ထပ် ခင်းထားလိမ့်မယ်….
ခင်ဗျားတို့ ပြောတဲ့  ….
သယံဇာတ မြစ်ချောင်းတွေထဲမှာ ….
အလောင်းတွေ ဒလကြမ်း မျောလာလိမ့်မယ်…
ခင်ဗျားတို့ ပြောတဲ့ ….
သဘာဝ ပတ်ဝန်းကျင်ဆိုတာ ….
ယမ်းနံ့  တွေ မွန်ထူနေလိမ့် မယ်…..
ခင်ဗျားတို့ ပြောတဲ့ ဧည့်စာရင်းဆိုတာ….
တစ်ည သုံးခါ တံခါး လာခေါက်လိမ့်မယ်…..
ခင်ဗျား တို့ ပြောတဲ့ လူ့ အခွင့်အရေးဆိုတာ …..
မြို့ အ၀င်အထွက် ….
အမြဲတန်း မတ်တပ်ရပ် အစစ်ခံ ရလိမ့်မယ်….
တစ်ဖက်နဲ့ တစ်ဖက် ဒလစပ် ပစ်ခတ်နေတဲ့ ….
စစ်ပွဲ ရဲ့ ကြားထဲမှာ …..
ပုဒ်မ ၁၈ မရှိလဲ .....
ဘယ်သူတွေ ဆန္ဒပြ ရဲသလဲ……
ခင်ဗျားတို့ ပြောပြောနေတဲ့  …..
ဒီမိုကရေစီ အရေးတော်ပုံကြီး ဆိုတာ…..
ခင်ဗျားတို့ ပြောပြောနေတဲ့  ….
ပြည်သူ့ သူရဲကောင်းတွေ ဆိုတာ ….
ငြိမ်းချမ်းနေတဲ့ ဒေသမှာမို့  ….
ငြိမ်းချမ်းနေတဲ့  မြို့ တွေပေါ်မှာမို့  …..
ဖြစ်ပေါ်ခွင့်ရခဲ့ တယ်ဆိုတာ …..
ဘယ်တော့မှ မမေ့ပါနဲ့ …….
အဲဒီ ငြိမ်းချမ်းရေး ကို ….
ဒီလို အခြေအနေထိ ရောက်လာအောင်…..
၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရကတည်းက စပြီး ....
ဘယ်လို တည်ဆောက်ခဲ့ရတယ် …..
ဘယ်သူတွေ ရဲ့ အသက်သွေး ချွေး တွေကို ….
အဓိက စတေးခဲ့ ရတယ် ဆိုတာလည်း…..
ဘယ်တော့မှ …..
ဘယ်တော့မှ မမေ့ပါနဲ့ ……..။
( ခင်ဗျားတို့  အမြဲတန်း ဆန္ဒပြ လို့ ရအောင် လုပ်ပေးချင်တဲ့  ရဲမိုး )
မှတ်ချက် ။ မြန်မာ့သမိုင်းဟာ ....
၁၉၈၈ ခုနှစ်မှ စသည် ထင်နေသောသူများသို့  ...
ရည်ညွှန်းပါသည် .....
Like · ·

No comments:

Post a Comment