Thursday, April 17, 2014

ဧရာဝတီတိုင်းဒေသကြီး တိုင်းလုံးကျွတ်

ဧရာဝတီတိုင်းဒေသကြီး တိုင်းလုံးကျွတ်
ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးတွင်
မ ဘ သ ဗဟို ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်၏ သြဝါဒ
=====================
ယခုသံဃာ့ညီလာခံကြီးကျင်းပတဲ့နေ့ရက်ဖြစ်တဲ့ တပေါင်းလပြည့်ကျော် (၉)ရက်၊ ကိုးဂဏန်းဟာ မ ဘ သ အဖွဲ့အစည်းအားလုံးအတွက် အတိတ်နိမိတ်ကောင်းတဲ့ ဂဏန်းတစ်ခုဖြစ်ပြီး အမျိုးစောင့်ဥပဒေပေါ်ထွက်လာဘို့ မျှော်လင့်ချက် ပိုမိုအားကောင်းလာပြီ၊၊
ကိုးဂဏန်းရဲ့ ထူးခြားချက်က ကြီးကျယ်မြင့်မြတ်ခြင်းတစ်ခုပါ၊၊
ဒီလိုဘဲ ဒီနေ့မှာ ဆရာတော် သံဃာတော်တွေ အစုံအညီနဲ့ ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးရဲ့ သံဃာ့ညီလာခံကြီးဟာလည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အကျိုးကို ဦးတည်တဲ့ ကြီးကျယ် မြင့်မြတ်သော လုပ်ငန်းစဉ်ကြီးတစ်ခုလို့ တပည့်တော်လျှောက်ထားလိုပါတယ်၊၊ တပည့်တော်တို့ မ ဘ သ အဖွဲ့အစည်းဟာ ဘာသာခြားတွေကို မောင်းထုတ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမဟုတ်ပါဘုရား၊၊ တခြားဂဏန်းတွေကို သင့်လျော်သလို တိုးပွါးအောင် ပေါင်းစပ်ပေးတဲ့ ကိုဂဏန်းလိုဘဲ အများနဲ့သင့်လျော်အောင် ဘာသာရေးဆိုင်ရာပြဿနာတွေ ငြိမ်းချမ်းအောင် ဦးဆောင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်၊၊
နောက်တစ်ခု ကိုးဂဏန်းကို ဘယ်ဂဏန်းတွေနဲ့ မြှောက်မြှောက် အဲဒီဂဏန်းတွေ ပြန်ပေါင်းလိုက်မယ်ဆိုရင် နောက်ဆုံးမှာ ကိုးဂဏန်းဘဲ ရပါတယ်၊၊
ဒီလိုဘဲ တပည့်တော်တို့ရဲ့ မ ဘ သ အဖွဲ့အစည်းကြီးဟာလည်း ဆရာတော်သံဃာတော်တွေကို ဘယ်လိုလူတွေက လာပြီးတော့ မြှောက်မြှောက် တပည့်တော်တို့ ဦးတည်ချက်က မပြောင်းလဲပါဘူးဘုရား၊၊
ဒါကြောင့် ဧရာဝတီတိုင်းဒေသကြီး သံဃာ့ညီလာခံကြီးကနေ အမျိုးဘာသာ သာသနာအတွက် ကာယအင်အား ဉာဏအင်အား ဓနအင်အားတွေ တိုးပွါးအောင်လုပ်ပြီး သာသနာတော်ကြီးကို ချီးမြောက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ် အရှင်မြတ်တို့ဘုရား "
ဟု မိန့်ကြားပါသည်/၊၊
ဆရာတော်ကြီး အစဉ်လေးစားကြည်ညို
အားထားလျှက်ပါ
တပည့်
ဝဇိရဉာဏ

Ashinvajiranyarna Ashinvajiranyarna - မှ ပြန်လည် မျှဝေလိုက်ပါတယ်..။
— with ပုဂံပြည် မှ သူရဲကောင်း and 15 others.
Like · ·

No comments:

Post a Comment