Friday, April 18, 2014

" လမ်းပြဖော်

Wai Wai Lwin was tagged in a post.
" လမ်းပြဖော်
~~~~~~~~
မျက်ကန်း တစ္ဆေမကြောက်
အချစ်မရှိသူ ကိုယ်တစ်ယောက်တည်း
လျှောက်ငြီးရင်း ခရီးတစ်ထောက်မှာ အဖော်မဲ့သူ
တစ်ယောက်မှာ လမ်းမပျောက် စေချင်တဲ့ ဆန္ဒကတော့ မှုန်ပြပြလောက် ကျန်နေမယ်အုံ့း 
မယ်ပေါ့ ---

တကယ်တော့ ကိုယ်က အချစ်ဆိုတာကို
မြတ်နိုးစွာနဲ့ ယုံကြည်မိလိုက်သူပါ
တန်ဖိုးဆိုတာ ပေးသလောက် လိုသလောက်
ပြန်လာရောက်တတ်တဲ့ အဖြစ်သာရှိမယ်ဆိုရင်ု
ဒီလို အဖော်မဲ့ လမ်းမှာ မျက်ကန်းတစ်ယောက်လို
အဖြစ်ကို ဘယ်လိုသူကမှ နေစိမ့်မလဲပေါ့ ---
လျော့ရဲနေတဲ့ ဘဝအာမခံချက်တစ်ချို့အောက်မှာ
အချစ်တစ်ခုကို နှလုံးသားဗဟိုထု တစ်နေရာမှာ
စွဲကိုင်ပြုရင်း အပ်နှင်းခဲ့တဲ့ ဟိုအတိတ်က အချစ်
အရိပ်ဆိုတာ အခုတော့နွေကန္တာရပ်ဝန်းမှာ ကျင်
လည်ကာ ဖြတ်သန်းနေရသူတစ်ယောက်ပမာ
ပူလောင်ပြင်းပြ နာကျင်လှပါတယ် ---
ထားရစ်တယ် နေရစ်ဖွယ် မေတ္တာတွေပြယ်ခဲ့တဲ့
အချစ်ပျောက်သူမှာ ကမ်းမမြင်လမ်းမမြင် မျှော်
လင့်ချက်အရာမထင်ခဲ့တာကို သူ သိမှသိပါလေစ
ရင်နှစ်မွှာအသည်း အကြင်နာမရဲခဲ့သူ ဝင်လာဆဲ
အတွေးနောင်တတွေက. အမှောင်ကျမပီဝိုးတဝါး
အလင်းအားမသာခဲ့တာ ကိုယ့်ရဲ့အချစ်ကံကိုက
တကယ့်ကို မွဲချက်နာခဲ့တာလေ ---
အပြစ်မရှာချင်ပါဘူး ချစ်လာသူနှစ်ဦးရဲ့ အချစ်
ဇာတ်လမ်းမှာ ချစ်ခန်းဟာ တခဏတာနိဒါန်းမို့
လွမ်းခန်းနဲ့ ဇာတ်သိမ်းဖို့အတွက် မျှော်လင့်ချက်
မရှိတဲ့ ရက်စက်မှုဒဏ်ရာတွေက ဆွေးတရင့်ရင့်
ရင်နင့်အောင် နာကျင်စေအုံးတော့ အပြုံးနဲ့တေးသီ
အမုန်းတွေ ကြွေလွင့်မမှီရအောင် ကြိုးစားရင်း
ရင်တွင်းက အတွင်းကြေ ခံစားချက်လွမ်းချင်းနဲ့
လျှောက်လှမ်းနေရတဲ့ အချစ်မဲ့သူ အချစ်ပျောက်
အလွမ်းနဲ့ မျက်ကန်းချစ်သူတစ်ယောက်ပေါ့ ---"
နေမင်းခ (18/4/14)
Like · ·

No comments:

Post a Comment