Friday, April 18, 2014

လှိုင်သာယာမြို့နယ်တွင် နေအိမ်ခြံစည်းရိုး၌ သဘောဝအလျောက်

Yangon Police added 3 new photos.
1 hr ·
လှိုင်သာယာမြို့နယ်တွင် နေအိမ်ခြံစည်းရိုး၌ သဘောဝအလျောက်
ပေါက်လာသော မှိုမှ ကျိုက်ထီးရိုး စေတီတော်ပုံသဏ္ဍာန် ထွက်ပေါ်
ရန်ကုန်၊ ဧပြီ ၁၈
၁၇.၄.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၉)ရပ်ကွက်၊ မြိုင်လမ်း၊ အမှတ်-၁၃၀(က)နေ ဒေါ်အမာဘီဘီ၊ (၆၁)နှစ်၏နေအိမ်ရှေ့ သစ်သားခြံစည်းရိုးတိုင်အောက်ခြေ၌ သဘောဝအလျောက် ပေါက်လာသော မှိုသည် ကျိုက်ထီးရိုးစေတီတော်ပုံသဏ္ဍာန်ပွင့်နေသည်ကိုတွေ့ရှိရသဖြင့် ရပ်ကွက်နေ ဗုဒ္ဓဘာသာဝင်ပြည်သူများမှ သွားရောက်ကြည့်ရှုဖူးမျှော်ကြကာ ဘုရားပန်းအိုးနှင့် အမွှေးတိုင်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် ဖူးမျှော်သူ ပြည်သူအင်အား(၁၅၀)ဦးခန့်ရှိခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ထွက်ပေါ်ခဲ့သည့် ကျိုက်ထီးရိုးစေတီတော်ပုံသဏ္ဍာန်မှိုပွင့်အား
ယင်းနေ့ ၁၈၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၁၁)ရပ်ကွက်၊ မိုးကောင်းကျောင်းတိုက်ရှိ သံဃာ့နာယကဆရာတော် ဦးဣန္ဒြာဝုဒထံသို့ ပင့်ဆောင်ကာ ပူဇော်ထားရှိခဲ့ကြောင်း သတင်းရရှိပါသည်။
Like · · · 10036

No comments:

Post a Comment