Wednesday, April 16, 2014

မြ၀တီမြို့က သင်္ကြန်တွင်း ရမ်းကားမှု

မြ၀တီမြို့က သင်္ကြန်တွင်း ရမ်းကားမှု
16 April 2014
မနေ့က သင်္ကြန်အကြတ်နေ့ မြ၀တီမြို့၊ ရပ်ကွက်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှုးအား မြ၀တီ အခြေစိုက် ကရင် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုမှ အကြီးအကဲ တစ်ဦး၏သား ပါဝင်သော ကရင်အလံများ ကိုင်ဆောင်ထားသော ဆိုင်ကယ်အုပ်စုမှ လက်နက်ကိုင်များ အင်အား(၇၀)ခန့် မှ ဒါးဖြင့်ခုတ်ရန် ကြိုးပမ်းခဲ့ပြီး မောင်းပြန်လက်နက်ငယ်များဖြင့် အသင့်ပစ်ခတ်ရန် အနေအထားဖြင့် ချိန်ရွယ်ကာ ရပ်ကွက်အတွင်း ၀င်ရောက်ခဲ့ပါ
သည်။

ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းနှင့် ပတ္တမြားလမ်းထောင့်ရှိ မဏ္ဍပ်တွင် အဆိုပါလူစုနှင့် မဏ္ဍပ်လူငယ်များ ပြသနာဖြစ်ပွားခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖြေရှင်းပေးစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
ယနေ့အတက်နေ့ နေ့လည်ပိုင်း အဆိုပါ ဆိုယ်ကယ်စီးလူစုမှာ ကား များဖြင့် အင်အားဖြည့်တင်း လာပြီး တုတ်၊ ဒါး၊ သံပိုက်လုံးများ ကိုင်ဆောင်ကာ ရပ်ကွက်အတွင်း နှစ်ရက်ဆက်တိုက် အင်အားပြလှည့်လည် ရမ်း ကားနေပါသည်။ ရပ်ကွက်လူငယ်များမှ ပြန်လည်ခုခံရန် အသင့်စုဖွဲ့နေပါသည်။
ထိုဖြစ်စဉ်ကြောင့် ရေကစားမည့်သူများ မရှိတော့ပဲ ရပ်ကွက်အတွင်းရှိ နေအိမ်များလည်း အိမ်တံခါး များ ပိတ်ကာနေကြရပါသည်။
ဓါတ်ပုံမှာ ယနေ့နေ့လည်ပိုင်း လုံခြုံရေး အဖွဲ့ရောက်ရှိလာစဉ်ပုံနှင့် ရပ်ကွက်လူငယ်များပုံများဖြစ်ပါသည်။
ပေးပို့သူ/ အမှတ်(၂)ရပ်ကွက်သားတစ်ဦး၊ မြ၀တီမြို့
ဟာဂျူလီ ကသာ
&Credit To : Thit Htoo Lwin & # ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။ @စွယ်စုံကျမ်း@
========================
စွယ်စုံကျမ်း မှ လူကြီးမင်းတို့၏ Page များ၊ လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းများကို လူသိများအောင် အခမဲ့ ကြော်ငြာ ပေးနေသည်။
ကြော်ငြာလိုပါက Comment Box မှလည်းကောင်း၊ Message Box မှ လည်းကောင်း၊ လူကြီးမင်းတို့ Page Links များနှင့် ကြော်ငြာလိုသည့် စာသားများကို တစ်ပါတည်း ရေးသားပေးပို့နိုင်ပါသည်။
Admin - စွယ်စုံကျမ်း
Like · · ·

No comments:

Post a Comment