Wednesday, April 16, 2014

မယာ ဂန္ဓကုဋိ ပရိဝေဏေ သတ္တရတနာနိ ဩကိဏ္ဏာနိ။

မယာ ဂန္ဓကုဋိ ပရိဝေဏေ သတ္တရတနာနိ ဩကိဏ္ဏာနိ။

မယာ= အကျွန်ုပ် အပရာဇိတ သေဋ္ဌေးသည်။
ဂန္ဓကုဋိ ပရိဝေဏေ= ဂန္ဓကုဋီကျောင်းတော် ပရိဝုဏ်အတွင်း၌။ သတ္တရတနာနိ= ရတနာ ခုနစ်မျိုးတို့ကို။ ဩကိဏ္ဏာနိ= ကြဲခဲ့ကုန်ပါပြီ။
ကျွန်တော် အပရာဇိတ သေဋ္ဌေး ဂန္ဓကုဋီကျောင်းတော်အတွင်း ရတနာခုနစ်မျိုး ကြဲခဲ့ပါပြီ။ အဲဒီလို ကြဲပြီးတဲ့နောက်-

သတ္ထု သန္တိကေ ဓမ္မံ သုတွာ ဂစ္ဆန္တာ ဒုဂ္ဂတမနုဿာ ဥဘော ဟတ္ထေပူရေတွာ ဂဏှန္တု…တဲ့။
သတ္ထု သန္တိကေ= မြတ်စွာဘုရား အထံ၌။ ဓမ္မံ သုတွာ= တရားနာပြီး သကာလ။ ဂစ္ဆန္တာ= အိမ်သို့ပြန်ကြကုန်သော။ ဒုဂ္ဂတမနုဿာ= ဆင်းရဲတဲ့ လူတို့သည်။ ဥဘော ဟတ္ထေ ပူရေတွာ= လက်နှစ်ဖက်အပြည့်။ ဂဏှန္တု= ဆောင်၍ သွားနိုင်ကြပါကုန်၏။
ဆင်းရဲသားဆိုယင် သူ့ဟာက ဘယ်တစ်ဆုပ် ညာတစ်ဆုပ်။

သုခိတာပိ ဧကေန ဂဏှန္တု။
သုခိတာပိ= လူချမ်းသာလည်းပဲ။ ဧကေန= လက်တစ်ဖက်ဖြင့်။ ဂဏှန္တု= ဆုပ်ယူ၍ သွားနိုင်ကြပါတယ်။
တရားနာပြီးတော့ပြန်ယင် လူချမ်းသာများလည်းပဲ ခင်ဗျားတို့ကတော့ ချမ်းသာတယ်၊ ဒီတော့ တစ်ဆုပ်တော်ဖြင့် ယူနိုင်တယ်။ ဆင်းရဲတဲ့ လူများကတော့ ဆင်းရဲတဲ့အတွက် နှစ်ဆုပ် ယူနိုင်ပါတယ်။ ဘာပြုလို့ ဒီလို ပြောတာလဲဆိုတော့ သူ့ ရည်ရွယ်ချက် ရှိသတဲ့။

သဒ္ဓါ တာဝ ဓမ္မံ သောတုကာမာ ဂမိဿန္တီယေဝ။
သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်တွေ ကတော့ဖြင့် တရားနာချင်တဲ့အတွက် ကျောင်းတော်သွားမှာ အမှန်ပဲတဲ့။
အသဒ္ဓါပိ ပန ဓနလောဘေန ဂန္တာ ဓမ္မံ သုတွာ ဒုက္ခတော မုစ္စိဿန္တိ။
အသဒ္ဓါပိ ပန= သဒ္ဓါတရား မရှိကြတဲ့ ပုဂ္ဂိုလ်များလည်းပဲ။ ဓနလောဘေန= ဥစ္စာ၌ တပ်မက်တဲ့ လောဘဖြင့်။ ဂန္တာ= သွား၍။ ဓမ္မံသုတွာ= တရားနာကြရသည်ရှိသော်။ ဒုက္ခတော= ဆင်းရဲဒုက္ခမှ။ မုစ္စိဿန္တိ= လွတ်မြောက်ကြလိမ့်မယ်။
သဒ္ဓါတရား မရှိတဲ့လူတွေလည်းပဲ စိန်တွေ၊ ရွှေတွေ၊ ငွေတွေ လိုချင်တာနဲ့ ကျောင်းတော်သွား၊ တရားမှတ်၊ နာပြီးပြီဆိုယင် သံသရာဝဋ်ဒုက္ခက သူတို့ လွတ်ကြမယ်။

သံသရာဝဋ်ဒုက္ခက လွတ်မြောက်ရန်အရေး ရှေးရှုပြီးတော့ သူက ဒီလို ဖိတ်ခေါ်ပါသတဲ့။ ဟာ-သွားလိုက်ကြတာ၊ လူတွေ ဥဒဟိုပဲ။ ဟို ဆင်းရဲသားတွေကတော့ ဘယ်တစ်ဆုပ် ညာတစ်ဆုပ် ယူယူသွားကြတယ်။ ဟို-လူချမ်းသာများကတော့ ယူသူလည်း ရှိတယ်။ မယူ သူလည်းရှိတယ်။ ယူသူကလည်း တစ်ဆုပ်ပါ။
အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း
Like · ·

No comments:

Post a Comment