Monday, April 14, 2014

မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်

ပို့စ်လေး တစ်ခု ဖတ် ခဲ့မိပါတယ်.........
မိန်းကလေးများအပျိုစင် ဘ၀ကို အသက်နဲ့ လဲပီး ထိန်းသိမ်းပါတဲ့.......
ကိုယ့်၇ဲ့ ချစ်သူကို ကိုယ့်၇ဲ့ အပျိုစင် ဘ၀ မပေးမိပါစေနဲ့တဲ့
ဒါပေမဲ့ တစ်ခုလောက် လမ်းကြုံတုန်းလေ ပြောချင်ပါတယ်.....
မိန်းကလေးတွေကို အပျိုစင်ဘ၀ ထိန်းသိမ်းခိုင်းချင် တယ်ဆို၇င်ဖြင့်
ယောက်ျားလေးတွေလည်းထိန်းမှရမှာပါ လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာပါ

ယောက်ျားလေးတွေကလည်း ဆာလောင်မွတ်သိပ်နေတဲ့ မျက်လုံးတွေ
အစိုးမ၇တဲ့ စိတ်တွေကို ချစ်သူ သမီး ၇ီးစား ချိန်းတွေနေတဲ့
အချိန်ပိုင်းလေးကို တဒင်္ဂ ထိန်းသိမ်း ပေးကြပါ...
အပျိုစင် တစ်ယောက်ကနေ အအို ဖြစ်၇န် ၅မိနစ် ပဲ ကြာတယ် တဲ့
အအို တစ်ယောက်ကနေ အပျိုစင် တစ်ယောက်ဖြစ်ဖို့ အချိန်တွေ စည်းစိမ်တွေ ပုံပေးတာတောင် တော်တော်နဲ့ ဖြစ်မလာနိုင်ဘူးပါဘူးတဲ့...
သိပ်မှန်တာပေါ့...
ဒါပေမဲ့လည်းပြောချင်ပါသေးတယ်
အပျိုစင် တစ်ယောက်ကနေ အအို ဖြစ်ဖိုသွားနိုင်တဲ့ ၅ မိနစ်ဆိုတဲ့ အချိန်လေးကို ယောက်ျားလေးများကလည်းထိန်းသိမ်းပေး ရမှာပါ ဒါမှ နှစ်ဦး နှစ်ဖက် အတွက် တရားမျှတ မှာပေါ့
ပွင့်လင်းတိုးတက်နေတဲ့ ခေတ် ကြီးထဲမှာ အပျိုစင် ဆိုတာ မ၇ှိသလောက်၇ှားပါးနေကြတာ ခေတ်ကာလ သားပျို သမီးပျိုတိုင်း သိသင့်ပါတယ်
ထို့ကြောင့် ယောက်ျားလေးများ တစ်ခုသတိပေးချင်တာက ချစ်သူ ၇ီးစားဦး ၇ီးစားများဖူးတယ် ဆိုတိုင်း
အပျိုစင် မဟုတ်တော့ဘူးလို့ ခံယူထားတဲ့ စိတ်လေးတွေကို နဲနဲ လေး ဖြစ်ဖြစ် လျော့ ထားလိုက်ပါ တကယ်တော့ ကိုယ့်စိတ်နဲ့နှိုင်းမရိုင်းတဲ့လေ...
ရှင်တို့ယောက်ျားလေးဘက်ကလည်
ဆင်ခြင်လိုက်၇င် ၇ှင်တို့၇ဲ့ ဘ၀လက်တွဲ ဖော် ဖြစ်လာမယ့် မိန်းကလေး လဲ တန်ဖိုးမြင့်လာမှာ ဖြစ်သလို
၇ှင်တို့အတွက် လည်း ဘ၀မှာ ပြီးပြည့်စုံတဲ့ အိမ်ထောင်ဖက်ကို
တစ်သက်လုံးပိုင်ဆိုင် သွားလိမ့်မယ် ဆိုတာ ယုံကြည်ပါတယ်...
Like · · ·

No comments:

Post a Comment