Monday, December 2, 2013

အမေရိကန် အခြေစိုက် Robinson ရဟတ်ယာဉ်

ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အရောင်းပြခန်းလာဖွင့်တာအပြင် ထုတ်လုပ်ရေး စက်ရုံပါ လာဆောက်တော့မယ်လို့ ကုမ္ပဏီရဲ့ မြန်မာပြည် မိတ်ဖက် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီ ကုမ္ပဏီက ထုတ်လုပ်တဲ့ နှစ်ယောက်စီး ရဟတ်ယာဉ် တစ်စီး ဒေါ်လာ နှစ်သိန်းခုနှစ်သောင်း သတ်မှတ်ထားပေမယ့် မြန်မာပြည်ရဲ့ အခွန်အကောက်တွေ ပါဝင်ပြီးရင် ဈေးနှုန်း ဘယ်လောက် ကျသင့်မလဲ မသိနိုင်သေးဘူးလို့ အဲဒီ စီးပွားရေး လုပ်ငန်းရှင်က ပြောပါတယ်။ အခု ၀င်ရောက်လာမယ့် Robinson Helicopter ကုမ္ပဏီဟာ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ အရောင်းပြခန်းတွေဖွင့်လှစ်ထားပြီး ထိုင်းမှာတော့ ထုတ်လုပ်ရေး စက်ရုံပါ တည်ဆောက်ထားပါတယ်။

No comments:

Post a Comment