Wednesday, December 25, 2013

"အစိုးရဝန်ထမ်းမလုပ်ဘူးလား


"

လာလာမေးကြတဲ့ သူငယ်ချင်းတွေကို တစ်ခါထဲပြောလိုက်မယ်။
၂၀၀၈ ဖွဲစည်းပုံမှာဝန်ထမ်းတွေရဲ့ ဖိနှိမ့်ခံအခွင့်အရေးတွေ
မပြင်သရွေ့အစိုးရဝန်ထမ်း
မလုပ်ပါဘူးလို့။

ဒို့ကျောင်းကထွက်တဲ့သူတွေထဲမှာ
နိုင်ငံရေးလုပ်တဲ့သူ
တို့တစ်ယောက်ထဲရှိပါစေ၊
ပြည်သူလူထုအတွက်
လုပ်နိုင်သလောက် လုပ်နေမှာပဲ
ဆိုတာ သူငယ်ချင်းအားလုံးကို
ခဏခဏမမေးကြရအောင်
ပြောလိုက်ကြပါ။

ဝန်ထမ်းအချို့
အကြောက်တရားလွမ်းမိုးလိုက်ပုံများ
ဟိုတနေ့က နိုင်ငံရေး post
တစ်ခုတင်လိုက်တာ
"ဝန်ထမ်းမို့ နိုင်ငံရေးမှာ
target မထားပါနဲ့"ဆိုပြီး
မက်ဆေ့ကနေ ပြောလာကြပေါ့။
ဘာလဲ နိုင်ငံရေးဆိုတာ
ခင်ဗျားတို့ဝန်ထမ်းတွေရဲ့
ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ
ရအောင်လုပ်နေတာဗျ။
၈၈-မျိုးဆက်သစ်လေးတွေ
အားနာကြပါအုံးဗျာ။
တချို့သူငယ်ချင်းတွေဆို
နိုင်ငံရေးပို့တွေ ရေးတာများလာတော့
တစ်ခါတည်း block သွားတယ်ဗျာ။
သူ့တို့အတွက် ရီရမလို ငိုရမလိုပဲ။

ပြောလို့တာပြောရတာ
ဝန်ထမ်း တော်တော်များများလည်း
နိုင်ငံရေးနဲ့ မကင်းကြပါဘူး။
နိုင်ငံရေးဆိုတာကလည်း
လူတိုင်းကင်းလို့ရကောင်းတာ
မဟုတ်ဘူး။
ဒို့ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို
ကိုယ်က နိုင်ငံရေးနဲ့
ကင်းကင်းနေလည်း နိုင်ငံရေးက ကိုယ့်ကိုလာပတ်သက်တာမလား။

သူတို့ပဲ နိုင်ငံရေးမလုပ်ရဘူး ပြောပြီး နိုင်ငံရေးအတင်းလုပ်ခိုင်းခံရတဲ့
ဝန်ထမ်းတွေရှိသေး။
စာသင်ရမယ့် ဝန်ထမ်းကို
မဆီမဆိုင်
စစ်သင်တန်းတက်ခိုင်းတာမျိုး
နိုင်ငံရေးနဲ့ ကင်းရမယ်လည်းဆိုသေး
ရာထူးဝန်ဖြေရမယ့်သူကို
နိုင်ငံရေးအကြောင်းတွေ ဖြေခိုင်းတာမျိုး။
ဥပမာ-"ဆီးရီးယားနိုင်ငံတွင်
ဖြစ်ပွါးသော စစ်ပွဲအကြောင်း
ဆွေးနွေးပါ" ဆိုတာမျိုး။
ဒါတွေဟာ နိုင်ငံရေးနဲ့
ကင်းတာလား။

ဖွဲ့စည်းပုံ ပုဒ်မ-၂၈၈ မှာ
ခရိုင်အဆင့်နှင့်မြို့နယ်အဆင့်တို့၏
အုပ်ချုပ်ရေးကို နိုင်ငံဝန်ထမ်းများအား
တာဝန်ပေးရမည် ဆိုတော့
ဝန်ထမ်းမှမလုပ်ရင် အုပ်ချုပ်ခွင့်မရတော့ဘူးလား
ဒါလား နိုင်ငံရေးမလုပ်ရဘူးဆိုတာ။

စစ်သားတွေကရော
လခစားဝန်ထမ်း မဟုတ်ဘူးလား။
ဘာလို့လွှတ်တော်ထဲမှာ
စစ်သားတွေ နိုင်ငံရေးလုပ်ခွင့်
ပေးထားရတာလဲ။

အခုမူက ဝန်ထမ်းဆိုရင်
အထက်အမိန့်နာခံတတ်ရမယ်။
အစိုးရကို
အကောင်းပြောတတ်ရမယ်။
အထက်လူကြီး ဝေဖန်ရေးမလုပ်ရင်
အထက်လူကြီးဖားတတ်ရင်
ရာထူးတိုးတဲ့ အနေအထားမျိုး
ဖြစ်နေတော့ ဝန်ထမ်းတွေဆို
မှန်မှန်မှားမှား လက်အုပ်ချီ ခေါင်းညိမ့်တတ်နေပြီ။

ထိုင်ခုံပျောက်မှာစိုးလို့
အမှန်ကို အမှားလုပ် အမှားကိုအမှန်လုပ်တာတွေ
များလာတော့
ကျောင်းဆရာလိုဝန်ထမ်းမျိုးတောင်
လူမုန်းများလာပါပေါ့။

ဆေးကျောင်းသားတစ်ယောက်
ရွှေဝါရောင်အရေးအခင်းမှာပါလို့
ကျောင်းကထုတ်ပစ်တယ်ဆိုတာ။
ဝန်ထမ်းတစ်ယောက်
ဆန္ဒမဲ ဘယ်သူ့ပေးရမလဲ
သိဘို့အတွက်
ဒေါ်စုရဲ့လူထုမိန်းခွန်းလေး
လိုက်နားထောင်ရုံနဲ့
ဝန်ထမ်းကထုတ်ပစ်လိုက်တာမျိုးဟာ
ဘယ်လောက်အရုပ်ဆိုးသလဲ။

ဝန်ထမ်းတွေ ကျောင်းသားတွေ
နိုင်ငံရေးမလုပ်ရဆိုတဲ့ အစိုးရဟာ
ဝန်ထမ်းတွေကျောင်းသားတွေကို
ကြောက်နေတဲ့ အစိုးရပဲ။
မတရားမှုကိုဖော်ထုတ်မယ့်
ကျောင်းသားသမဂ္ဂ
အဆောက်အအုံကြီးကို
ဖျက်စီးခဲ့တာကို ကြည့်တော့။

ခဗျားတို့က ဝန်ထမ်းတွေကို
မျက်စိမှိတ်နားပိတ်လုပ်ပြီး
ခိုင်းဖက်လို့ သတ်မှတ်တော့တာလား။
ပြည်သူ့ဝန်ထမ်းနိုင်ငံ့ဝန်ထမ်းဗျ။
အစိုးရရဲ့ကျေးကျွန်မဟုတ်ဘူး
အတတ်ပညာလေး နည်းနည်းတတ်လာတာနဲ့
နိုင်ငံခြားသွား အစေခံလုပ်ရအောင် ခဗျားတို့လုပ်နေတယ်ဆိုတာ
သိကြရဲ့လား။

အတတ်ပညာမရှိတဲ့သူကို အကြောက်တရားနဲ့ဖိနှိပ်
အတတ်ပညာရှိပြန်တော့လည်း
ဥပဒေတွေနဲ့ဖိနှိပ်။
ဒါလားဒီမိုကရေစီနိုင်ငံ။
ဒီလိုတွေတာဖြစ်နေရင်တော့
ခဗျားတို့ပြောတဲ့ ဒီမိုကရေစီနိုင်ငံကြီး
ဖြစ်ဖို့မလွယ်ဘူးလို့ပဲ
ပြောပါရစေ။ ။

(ဝန်ထမ်းများကို နှိမ့်ချခြင်းမဟုတ်
မိမိ၏နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှု
ကို သိနားလည်၍ ပြန်လည်ရယူနိုင်
ပြီး ပြည်သူချစ်သော ဝန်ထမ်းဖြစ်ရန်)
— with Chein Pan, Nld Nld Myanmar, ရုပ်သေး ရုပ်, Lu Min, Bagan Mg, Oline Thulay, Drsoemoe Aung, Moe Moe, ပြည်သတင်း လူငယ်, စုံထောက်ကျော်ကြီး ဦးစံရှား, Sai Kyaw Thu Tun, Thet Htet, Wunna Nyi, Yu Maw Soe, Saw Lin Young, Kokomgmg Aung, Lwin Nu Nu, ဖိုးပြုံး ချို, Hnin Pwint, Cho Cho, ပညာရှိကြီးများ သုတအိမ်, သက်နှင်း သုန္ဒရီ, Nay Aung, Aung Aung Shwe, Zaw Lwin, Ye Thant, သတင်း အမှန်, Moo Moo, ခက် ထန်, Royal Rose, Thetdwe Aung, ခွပ်ဒေါင်း နီ, Nyein Chan Thu, Thar Chit Wai, Ma OwnMar, U Thein Swe Nld, Ku Ta Min, Drzintun Oo, Mgmg Lwin, Ashin Tayzananda, လူငယ်ညီလာခံကော်မရှင် မန္တလေး ခရိုင်, မန္တလေးခရိုင် ပညာရေးကွန်ရက်, Aung Myint, Myint Thein, အမှန်တရား အလိုရှိသူ, Myo Min Thant, Thantzin Oo, ကို ချမ်း, သူရိန် မင်းဝေ and ဦး ခင်မောင်ရွှေ.
Like · · Share · 29 minutes ago via mobile

No comments:

Post a Comment