Monday, December 23, 2013

ချစ်သူ ဖတ်ဖို့


မင်းပုံရိပ်လေးတွေ
ခပ်ရေးရေးပဲပေါ့ချစ်သူ
အရာရာဝိုးတဝါးနဲ့
ပါးပါးလျလျအတိတ်တွေကို
ငါနှမြောတယ်
ငါဟာ
ချစ်ဖူးတယ်ဆိုတဲ့အသိနဲ့ ကျေနပ်
နာကျင်ဖူးတယ်ဆိုတဲ့အသိနဲ့ ခြောက်လှန့်လို့
လိုက်လျောညီထွေခြင်းနိယာမမှာ
ငါရှင်သန်နေတယ်ချစ်သူ
အချစ်ကိုဒူးထောက်တဲ့ လူသားတစ်ယောက်ပေမယ့်
အချစ်နွံနစ်ခံမယ့်
ခပ်ညံ့ညံ့တော့ မဟုတ်ဘူး
အားကိုတင်းရင်း
မာန်ကိုခဲရင်း
အောင်မြင်စွာရှင်သန်မယ်
ဝိုးတဝါးမင်းပုံရိပ်တွေကို
အားပြုရင်းပေါ့ချစ်သူ

No comments:

Post a Comment