Saturday, December 28, 2013

အပြင်းစားဒဏ်ရာတွေပေးပြီး


အပျော့စားအပြုံးလေးတစ်ချက်နဲ့
ကျွန်မအသဲတွေကိုတိုက်ထုတ်ယူသွားတဲ့သူ

မောင်ပေးတဲ့အေးစက်မှုတွေကြားနေထိုင်ဖို့နာကျင်လာချိန်
ထွက်သွားဖို့ချေလှမ်းမယ်ရွယ်တိုင်း
မောင့်ရဲ့စကားလေးတစ်ခွန်းကြားတာနဲ့
ခြေလှမ်းတောင်ကြွမရွဖြစ်ခဲ့ရတာ

မမှားလို့ကတော့ဘယ်သူ့မှအောက်မကြို့ခဲ့တဲ့ကျွန်မရဲ့မာန
မောင်ဆိုတဲ့ရှင်နဲ့တွေ့မှ
မာနဆိုတာမောင့်ရဲ့နင်းပြားသာသာဘဲရှိတော့တယ်

မောင်တစ်ခြားကောင်မလေးနဲ့စကားပြောတာသ၀န်တိုတတ်ပေမယ့်
မောင်စိတ်ရှုပ်မှာဆိုးလို့ကျေနပ်ချင်ယောင်ဆောင်
ကွယ်၇ာမှာကြိတ်ငိုခဲ့တာကော
မောင်သိမှာလားဟင်

တကယ်ဆိုမောင်ရယ်
ကျွန်မချစ်သလောက်ပြန်မချစ်ရင်နေပါ
မောင့်ရင်ထဲမှာကျွန်မအတွက်နေရာရှိနေရင်ကျေနပ်ပါပြီ
မောင့်ကိုအရမ်းချစ်တဲ့ကောင်မလေးဆိုတဲ့နေရာလေးမှာပေါ့

အမုန်းတိမ်တိုက်လေး

No comments:

Post a Comment