Monday, December 23, 2013

ရှမ်းပါတီနှစ်ခုပူးပေါင်းရေးမဖြစ်နိုင်ပဲ လက်တွဲလုပ်ရန်သာဖြစ်နိုင်ဟု ကျားဖြူဥက္ကဌဆို


Monday, December 23, 2013

ရှမ်းပါတီနှစ်ခုပူးပေါင်းနိုင် ရေးမှာ ရွေးကောက်ပွဲပါတီဥပဒေ ၌ ပါတီဖျက်သိမ်း ရမည်ဆိုသည့် အချက်ပါဝင်သောကြောင့် ပူး ပေါင်းနိုင်ရေးမှာ မဖြစ်နိုင် တော့ဘဲ လက်တွဲအလုပ်လုပ်ရုံသာရရှိနိုင် မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ဥက်္ကဋ္ဌဦးစိုင်းအိုဝ်ပေါင်းက ပြော ကြားလိုက်သည်။

““အဲဒီအချက်ဥပဒေက အဓိက အချက်ပဲ၊ ကျွန်တော်ထင်ပါတယ်။ ပါတီထဲမှာ ပါတီကိုဖျက်ဖို့ထောက် ခံတဲ့ လူနည်းနည်းလောက်ပဲရှိ လိမ့်မယ်။ အဲဒီအချက်ရှိနေတဲ့ အတွက် ကျွန်တော်တို့တွဲအလုပ် လုပ်လို့ပဲ ရလိမ့်မယ်”” ဟု ဦးစိုင်း အိုဝ်ပေါင်းက ပြောသည်။

ရှမ်းပါတီနှစ်ခုဖြစ်သည့် ကျားဖြူပါတီ (SNDP)နှင့် ရှမ်း တိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျားခေါင်းပါတီ(SNDP)တို့ ပူး ပေါင်းရန်အတွက် ကျားခေါင်း ပါတီမှ နိုဝင်ဘာ(၁၆)ရက်နေ့တွင် ညှိနှိုင်းဖွဲ့စည်းရေးအဖွဲ့ကို ဖွဲ့စည်း ခဲ့ပြီး ကျားဖြူပါတီသို့ နိုဝင်ဘာ လက ပထမအကြိမ်ပူးပေါင်းနိုင် ရေးကမ်းလှမ်းခဲ့သည်ဟု သိရ သည်။ ဒီဇင်ဘာ (၁၇)ရက်နေ့ တွင်လည်း ဒုတိယအကြိမ်အဖြစ် ကျားခေါင်းပါတီမှ ကျားဖြူပါတီ သို့ပူးပေါင်းရန်ကမ်းလှမ်းခဲ့ပြီး၊ ကျားဖြူပါတီမှလည်း စာပြန်ပို့ရန် ပြင်ဆင်နေကြောင်း ဦးစိုင်းအိုဝ် ပေါင်းထံမှ သိရသည်။ ကျား ခေါင်းပါတီမှ ဒုဥက္ကဋ္ဌဦးစိုင်းစော အောင်ကလည်း ထိုကဲ့သို့ပါတီ များပူးပေါင်းခြင်းမှာ ရှမ်းတိုင်း ရင်းသားပြည်သူလူထု၏ ဆန္ဒ များကြောင့် ဖြစ်သည်ဆို၏။ ““သူ တို့ဘက်ကတော့ ပထမအကြိမ် တုန်းက သူတို့မှာပါတီရှိတယ်။

အဲလိုပဲအကြောင်းပြန်လာတယ်။ ဒုတိယအကြိမ်ကမ်းလှမ်းမှုအတွက် အခုထိအကြောင်းကြာလာတာ တော့ မရှိသေးဘူး။ ဘယ်တော့ တွေ့ဆုံဆွေးနွေးဖြစ်မယ်ဆိုတာ တော့ သူတို့ဘက်ကအကြောင်း ပြန်လာမှပဲ ဆုံးဖြတ်ရမယ်”” ဟု ကျားခေါင်းပါတီမှ ဒုဥက္ကဋ္ဌဦးစိုင်း စောအောင်က ပြောသည်။ ပါတီ နှစ်ခုဆွေးနွေးရန်အတွက် တွေ့ဆုံ မှုမှာလာမည့် ဇန်န၀ါရီ(၇၊ ၈၊ ၉)၌ ကျားဖြူပါတီညီလာခံရှိသောကြောင့် ဇန်န၀ါရီလလယ်လောက်မှသာ ဖြစ်နိုင်မည်ဟု ကျားဖြူပါတီမှ သိရသည်။ ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိလွှတ်တော် များ၌ လွှတ်တော်ကိုယ်စားလှယ် နေရာ(၅၀)ကျော်ရရှိထားသည်။ ကျားခေါင်းပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး ဒုတိယမဲအများဆုံးရရှိခဲ့သည့် ပါတီဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေ ကိုလက်မခံသဖြင့် ၂၀၁၀ ရွေး ကောက်ပွဲကို ၀င်ယှဉ်ပြိုင်ခြင်း မပြုခဲ့သည့် တိုင်းရင်းသားနိုင်ငံရေး ပါတီတစ်ခုဖြစ်သည်။

No comments:

Post a Comment