Saturday, December 28, 2013

သိန်းတစ်ရာ့ကိုးဆယ်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


လားရှိုးဒီဇင်ဘာ ၂၇။

လားရှိုးမြို့ရှိ အမှတ်(၂၄)မူးယစ် တပ်ဖွဲ့စုသည် သတင်းအရ ရပ်ကွက်(၁၂)အတွင်း၊ လေယာဉ်ကွင်း အနီးရှိ မြို့ပတ်လမ်းဆုံတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ပြုလုပ်မည်ကို စောင့်ဆိုင်းကာ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို သိန်း( ၁၉၀)တန်းဖိုးရှိ ဆေးဝါးများနှင့်အတူ သက်သေများ၏ ရှေ့တွင် ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်မှာဒီဇင်ဘာ ၂၄ရက်တွင်အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စုမှရဲအုပ် ငြိမ်းချမ်းစိုး ဦးစီးတပ်ဖွဲ့သည် သတင်းအရ ရပ်ကွက်(၁၂) လေယာဉ်ကွင်း လမ်းဆုံတွင် အသင့်စောင့်ဆိုင်းနေစဉ် အမျိုးသား၊ အမျိုးသမီး နှစ်ယောက်အတူ ဆိုင်ကယ် တစ်စီး၊ အမျိုးသားတစ်ဦး စီးလာသောဆိုင်ကယ်တစ်စီး ပေါင်းနှစ်စီးအား ရပ်တန့်ရှာဖွေရာ ကျား/မ နှစ်ဦး ထံမှ အမျိုးသမီး ကိုင်ဆောင်ထားသော ပိုက်ဆံအိတ် အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၁၉၀) ပြားပါ(၅၀)ထုပ်၊ စုစုပေါင်း ဆေးပြား(၉၅၀၀)ပြား၊ အလေးချိန်(၈၅၅)ဂရမ် (တန်ဖိုးတစ်ပြားလျင် ငွေကျပ် ၂၀၀၀ ဖြင့် ငွေကျပ်သိန်း ၁၉၀)
တန်ဖိုးအား ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိ သယ်ဆောင် ရောင်းချသူ ကိုလှအောင်(၃၅)နှစ်(ဘ)ဦးစိုင်းထွန်း၊ ကုန်းမွန်ကျေးရွာ၊ မန်ပတ်အုပ်စု၊ သီပေါမြို့၊ နန်းအေးရင်(၄၅)နှစ် (ဘ)ဦးနာလိန်၊ ကုန်းမွန်ရွာ၊ သီပေါမြို့နှင့် ကိုအိုက်ကော(၃၀)နှစ်(ဘ) ဦးအိုက်ကြာ၊ သိန်းလုံရွာ၊
ချောင်းချောက်အုပ်စု၊ ကျောက်မဲမြို့ နေသူတို့အား လားရှိုး နမစမယ(ပ) ၉၆/၂၀၁၃ ၊ မူးစိတ်ပုဒ်မ-၁၅/၁၉(က)၂၁ အရ အမှုဖွင့် ဆက်လက်
အရေးယူ ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

No comments:

Post a Comment