Monday, December 23, 2013

အချစ် ကို စာပို့လိုက်ပါတယ် ကို ပို့လိုက်တဲ့စာ

Waihlyan Aung
သို့
အချစ်ဆီရောက်တဲ့အခါ ရိုက်သတ် အမွှေးနှုတ်ပြီး ချက်စားလိုက်ပါနော် အချစ်ကို သတိရလို့ စာပို့မယ်ဆိုပြီး ကွန်ပူတာရှေ့ထိုင်လိုက်တိုင်းမှာ အွန်လိုင်းမှာ ဖွန်ကြောင်နေမိတာနဲ့ အချိန်ကုန်လို့ မရေးဖြစ်တာပါ ။ ခုလို အချစ်ဆီကို စာရေးဖြစ်တယ်ဆိုတာကလဲ အချစ်ကျေးဇူးတင်ရမဲ့ သူတယောက်ရှိတယ် အဲ့တာကတော့ (MPT)ပေါ့ ကော်နက်ရှင် လုံးဝမကောင်းလို့ ချက်တင်ထိုင်မရတာနဲ့ပဲ ပို့လိုက်ဖြစ်တာပါ အချစ်တို့ မိသားစု နေကောင်းကြရဲ့လား ကိုယ်နိုင်ငံခြား မထွတ်ခင် တိုတ်ခဲ့တဲ့ ကျိန်စာတွေ မထိသေးဘူးနဲ့တူတယ် အချစ်ပေးလိုက်တဲ့ စာတွေကို တွေ့တိုင်း သတိရမှာဆိုးလို့ သိမ်းဆည်းထားလိုက်တာ ခုဆိုရင် ကြွတ်မကြီးကမွေးလို့ ကြွတ်ကလေးတွေတောင် ပေါက်နေပြီ အချစ်ပို့ပေးလိုက်တဲ့ အချစ်ရဲ့ဓာတ်ပုံတွေ ရတော့မှပဲ ကြွတ်တွေ မတွေ့ရတော့ဘူး အချစ်ရဲ့ ဓာတ်ပုံလေးသာ စကားပြောတတ်ရင် သိပ်ကောင်းမှာပဲနော် မျက်လှည့်ပြစားလို့ရတာပေါ့ အချစ်သာ ကိုယ်အနားရှိရင် အရာရာ ပြည့်စုံမယ်လို့ ခံယူးထားတာ ခုလို့ အချစ်နဲ့ဝေးနေတော့မှာ အရာရာ ပြည့်စုံနေမှန်း သိလိုက်ရတော့ အချစ်နဲ့အတူ ကုန်လွန်ခဲ့တဲ့ အချန်တွေကို နှမြောမိတယ် တခါတလေ အဆင်မပြေတာတွေ ရှိလာရင် အချစ်ကို ပြေးမြင်မိတယ် ကိုဒုက္ခရောက်လို့ အားငယ်တဲ့ အချိန်တိုင်းမှာ အချစ်က ကိုယ်ဘေးနားကနေ ပြေးထွတ်သွားတတ်တာကိုလေ အချစ်ကို သူများတွေလိုမျိုး အိမ်တဆောင် မီးတပြောင်ထားနိုင်ဖို့ အတွတ် ရေခြားမြေခြားကို ထွတ်လာလိုက်တာ ခုဆို အချစ်နေဖို့အတွတ် (အုပ်ဂူ) တလုံးစာလောက်တော့ ရနေပါပြီ အချစ်လုပ်ငန်းတွေကော အဆင်ပြေရဲ့လား ကိုယ်လုပ်ငန်းတွေကတော့ အဆင်ပြေသလားမမေးနဲ့ အဆောင်လခတောင် မပေးနိုင်တော့လို့ လမ်းဘေးမှာအိပ်နေရတယ် အချစ်ကို သတိရတိုင်း ဂီတသံစဉ်လေးတွေနဲ့ နှပါးသွားနေရတာ (KTV)က အသိဆုံးပါ အချစ်လဲ ကိုယ့်ကို သတိရလို့ ကိုယ်တို့ နှစ်ယောက် သွားနေကြနေရာလေးကို (နောက်တယောက်နဲ့) သွားနေမယ်ဆိုတာ ကို သိပါတယ.် ဘာပဲ ဖြစ်ဖြစ်ပါ ကို မြန်မာပြည်ကို ပြန်လာတဲ့ အခါ အဖြစ်ချင်ဆုံး ဆန္ဒလေးတခုနဲ့ အတွေ့ချင်ဆုံး အရာလေးကတော့ (အချစ် ဆုံးပြီဆိုတဲ့ သတင်းနဲ့အတူ ပန်းတွေ ဝေဆာစွာ အလှဆင်ထားတဲ့ အချစ်ရဲ့ ဓာတ်ပုံ ) လေးပါပဲ
စာကြွင်း ။ ။ ဒုပဲနော် အချစ် ကော်နက်ရှင် ပြန်ကောင်းလာပြီ ၊ အချစ်ဆီက ပြန်လာမဲ့ စာကို လေးခွ နဲ့ စောင့်မျှော်နေမယ်
အချစ်ရဲ့ အမုန်းဆုံး သူ …..

No comments:

Post a Comment