Sunday, December 29, 2013

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်သစ်ခိုးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး

 နယ်စပ်လုံခြုံရေးများ ပစ်ခတ်မှုကြောင့် သေဆုံး

မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င်ဝင်ရောက်ကာ သစ်ခိုးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးအား ဒီဇင်ဘာ ၂၅ ရက်က နယ်စပ်လုံခြုံရေး တာဝန်ယူထားသော လုံထိန်းရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီသို့မေးမြန်းခဲ့ရာ "ကျွန်တော်တို့ဆီကိုတော့ သတင်းတက်မလာသေးဘူး။ ဒါကလုံခြုံရေးအပိုင်းဖြစ်တယ်။ ဘယ်လိုဖြေရှင်းမယ်ဆိုတာ ကျွန်တော်တို့ဆီကို သတင်းရောက်မှ ထုတ်ပြန်လို့ရမှာဖြစ်ပါတယ်" ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့သည်။

ယင်းသို့ပစ်ခတ်ရခြင်းသည် နယ်စပ်လုံခြုံရေးအရသာဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ခိုးဝင်ကာ ခြံစည်းရိုးများကို ဖြုတ်ယူခြင်း၊ သစ်များ ခိုးထုတ်ခြင်းများသည် မြန်မာနိုင်ငံ၏လုံခြုံရေးကို ထိပါးစေသဖြင့် ပစ်ခတ်ခြင်းသာ ဖြစ်နိုင်ကြောင်းနှင့် ယင်းသို့ပစ်ခတ် ထိန်းသိမ်းကာကွယ်နိုင်မှသာ လုံခြုံရေးအရ ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း နယ်စပ်တောင်ပြိုမြို့နယ်ခွဲမှ
ဒေသခံတစ်ဦးက ပြောကြားသည်။

သေဆုံးသွားသူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ်ကျောက်ဆိုးရီမြို့နယ်မှ မစ္စတာဂီယာ အုံဒိန်(၂၇)နှစ်ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံထဲ သစ်ခုတ်ရန် တရားမ၀င်ဝင်ရောက်စဉ် နယ်ခြားစောင့် လုံထိန်းတပ်ဖွဲ့က ပစ်ခတ်၍ ကျည်ထိမှန် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ကော့စ်ဘဇားထုတ် Dainik coxsbazar News တွင် သတင်းဖော်ပြသည်။

"ဒေသခံတစ်ယောက်ရဲ့အမြင်ကို ပြောရမယ်ဆိုရင်တော့ ဒါဟာလုံခြုံရေးအရ လုပ်ဆောင်တာဖြစ်တယ်။ ပြီးတော့သူတို့မှာ ဘာလက်နက်တွေပါတယ်ဆိုတာကို မသိသေးဘူး"ဟု မောင်တောမြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်ရပ်သည် လုံထိန်းရဲတပ်ဖွဲ့ဝင်များ နယ်စပ်တွင် လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်
ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နယ်စပ်လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် နယ်စပ်လုံခြုံရေးကို အကောင်းဆုံးဖြစ်အောင် တာဝန်ထမ်းဆောင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောကြားသည်။

Aye Chan Mon# Credit To: Eleven Media Group> ပြန်လည်
Like · ·

No comments:

Post a Comment