Sunday, December 29, 2013

ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအား အကောက်ခွန်ရှင်းလင်းထုတ်ပေး



အကောက်ခွန်ဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်အစားထိုးစီမံချက်အပါအ၀င် ပြည်ပမှဝယ်ယူတင်သွင်းလာသော မော်တော်ယာဉ်များအပေါ် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ ၂၆ လတာကာလအတွင်း အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျသင့်ခွန်များကို စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်စီးရေမှာ ၂၄၉၄၇၃ စီးဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် ၃၄၄၂၇၈ ဒသမ ၃၀ ကျပ်သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၃၇၂၂၅၀ ဒသမ ၅၁ ကျပ်သန်း စုစုပေါင်း ၇၁၆၅၂၈ ဒသမ ၈၁ ကျပ်သန်းအား ကောက်ခံရရှိပြီးဖြစ်သည်။

အဆိုပါ အကောက်ခွန်(CD)နှင့် ကုန်သွယ်လုပ်ငန်းခွန်(CT) များ စည်း ကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့်ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်ရေးစီမံချက်အတွက် အစီး ၈၁၄၆၀၊ ကားအရောင်းပြခန်းများအတွက် အစီး ၅၆၃၄၀၊ သင်္ဘောသားပါမစ်ဖြင့်တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၆ စီး၊ ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၇၂၈ စီး၊ ပြင်ပနေအလုပ်လုပ်သူများပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၄၃ စီး၊ ဟော်တယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၀၈ စီးနှင့် လွတ်လပ်စွာဝယ်ယူသူပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၀၅၆၉၃ စီးတို့ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment