Monday, December 23, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း GSM/ UMTS မိုဘိုင်း ရေဒီယိုစခန်းများ

လိုင်းတိုးချဲ့ခြင်း လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များအား ပြည်သူသို့ အသိပေး ကြေညာချက်

၁။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လစဉ် တန်ဖိုးနည်း မိုဘိုင်း တယ်လီဖုန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ပြည်သူများအတွက် ခွဲဝေဖြန့်ဖြူး ရောင်းချပေးလျက် ရှိပါသည်။

၂။ ထိုသို့လစဉ်နှင့်အမျှ တိုးတက် များပြားလာသည့် မိုဘိုင်း တယ်လီဖုန်းများ အဆင်ပြေ ချောမွေ့စွာ ဆက်သွယ် ပြောဆိုနိုင်ရေး အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ စီမံကိန်းများ ချမှတ်ကာ စက်မှုပိုင်းဆိုင်ရာ အခြေခံ ပစ္စည်းများ အသစ် တပ်ဆင်ခြင်း၊ တိုးချဲ့တပ်ဆင်ခြင်းနှင့် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်လျက် ရှိပါသည်။

၃။ အဆိုပါလုပ်ငန်း စီမံကိန်းများအနက် လက်ရှိ ဆောင်ရွက်လျက် ရှိသော GSM/ UMTS တိုးချဲ့တပ်ဆင်ခြင်း၊ စီမံကိန်းအရ ရန်ကုန် တိုင်းဒေသကြီး အတွင်းတွင် တပ်ဆင်ထားသော ရေဒီယိုစခန်းများ အနက် ရေဒီယိုစခန်း ၁၅၉ စခန်းကို ၂၃-၁၂-၂၀၁၃ ရက်နေ့မှ ၂၉-၁၂-၂၀၁၃ ရက်နေ့အထိ စက်ပစ္စည်းများ လဲလှယ် တပ်ဆင်ခြင်း၊ စက်ချိန်ညှိခြင်းနှင့် စမ်းသပ် လည်ပတ်ခြင်းတို့ကို မိဘပြည်သူများ တယ်လီဖုန်း သုံးစွဲမှု နည်းပါးချိန် ဖြစ်သော နံနက် ၅ နာရီခွဲမှ ၉ နာရီခွဲ အတွင်း အောက်ဖော်ပြပါ ရေဒီယိုစခန်းများတွင် ပြုလုပ်မည် ဖြစ်ပါ၍ ဆောင်ရွက်စဉ် ကာလအတွင်း ယာယီ ဆက်သွယ်မှု ပြတ်တောက်ခြင်းနှင့် ခေါ်ဆိုရ ခက်ခဲခြင်းများ ဖြစ်ပေါ်နိုင်ပါကြောင်း ကြိုတင် အသိပေး တင်ပြအပ်ပါသည်။

၂၃.၁၂.၂၀၁၃ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ သာကေတမြို့နယ်၊

၂၄.၁၂.၂၀၁၃ ရက်နေ့တွင် တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ ဗဟန်းမြို့နယ်၊

၂၅.၁၂.၂၀၁၃ ရက်နေ့တွင် စမ်းချောင်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်၊ ရန်ကင်း မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊

၂၆.၁၂.၂၀၁၃ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင် မြို့နယ်၊ လှိုင်မြို့နယ်၊ ဗဟန်းမြို့နယ်၊

၂၇.၁၂.၂၀၁၃ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊

၂၈.၁၂.၂၀၁၃ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ တာမွေမြို့နယ်၊ ကမာရွတ်မြို့နယ်၊

၂၉.၁၂.၂၀၁၃ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ရန်ကင်းမြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒဂုံမြို့နယ်၊ အလုံမြို့နယ်၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
1Like · ·

No comments:

Post a Comment