Saturday, December 28, 2013

စနစ်ပြောင်း ခေတ်ပြောင်း


&&&&&&&&&&&&&&&&

စနစ်ကပြောင်း မူမပြောင်းက
ပြောင်းသည့်စနစ် မြောင်းတွင်နစ်သည်
စနစ်ကပြောင်း လူမပြောင်းက
မူပြောင်းသော်လည်း မွှဲခြေမည်
စနစ်ကပြောင်း လူသစ်လောင်းက
လောင်းသည့်လူသစ် အာဏာချစ်က
စနစ်ပြောင်းလည်း မွှဲကောင်းမည်


စနစ်သစ်မှာ လူသစ်ရှာလို့ 
မူသစ်ပြည်သူ မျှော်လင့်လူက
လူကသာသစ် မျိုးမချစ်က
နွမ်နစ်ပြည်သူ ဗွက်ထူထူက
ဘယ်လိုရုန်းထွက်ထမှာလည်း

လူသစ်မူသစ် စနစ်သစ်က
ပြည်သူ့ ဘ၀ ၀မ်းစာရအောင်
မပြည့်သည့်အိုး ဘောင်ဘင်ထိုး၍
အော်ပြော့ ဟစ်ကြယ်
သံကောင်းရယ်နဲ့ မစ့ားရဝ
နွေပြာကြသလို ပူပြင်းသောက
ပြာပါဒက. ပြည်သူမှာပူ
ရင်နင့် လူတို့  လူပြောင်း
မူပြောင်း စနစ်ပြောင်းထက်
လူကောင်းရဖို့ လိုပါသည်

လူကောင်းလူတော် ပညာတော်
သဒတ်မတာ သဒ္ဒါမတတ်
အမျိုးဟတ်မည် လူပျက် မျိုးငို
ပြည်သူအိုက လမ်းပျောက်
လမ်းမှား ယိုင်ကာသွားမည်

စနစ်ပြောင်း ခေတ်ပြောင်း
လူတွေပြောင်းထက်

လူကောင်းကိုရှာ မျိုးစစ်ပါက
သွေးကစကားပြောလိုက်မည်

( ငါလိုယောင်္ကျားပြဿဒါးမရှိ )

No comments:

Post a Comment