Saturday, December 28, 2013

ကရိန်းကားဖြင့် ဖမ်းဆီးခံရသူတချို့ အာဏာပိုင်များ၏ အမည်ကို အသုံးပြုပြီး အရေးမယူရန် ဖိအားပေးမှုများရှိနေ


***************************************************
ရန်ကုန် တိုင်းဒေသကြီးတွင် စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များကို ကရိန်း ကားများဖြင့် ဖမ်းဆီးအရေးယူ ရာတွင် ဖမ်းဆီးခံရသူတချို့သည် အစိုးရအာဏာပိုင်များ၏အမည် များကိုအသုံးပြုကာ အရေးမယူ ရန် ဖိအားပေးမှု များရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ် စည်းကမ်းအထူးစစ်ဆေးရေးအ ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန် ကုန်တိုင်းမ်သတင်းစာသို့ ထုတ် ဖော် ပြောကြားလိုက်သည်။

ယင်းကဲ့သို့ ဖိအားပေးမှု များရှိသော်လည်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်းအ ထူးစစ်ဆေးရေးအဖွဲ့အနေဖြင့် မည်သူ့ကိုမျှ မျက်နှာသာမပေး ဘဲ အားလုံးကို တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မှု များ ပြုလုပ်နေကြောင်း အဆို ပါအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောသည်။ အဆိုပါအဖွဲ့တွင် ပါဝင် သူ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီ ယာဌာန(လမ်းနှင့်တံတား)မှ တာဝန်ရှိသူတစ်ဦးက ''ကျွန် တော်ကတော့ သမ္မတနဲ့သိတယ်၊ ဘယ်ဝန် ကြီး နဲ့ သိတယ်ဆိုပြီး ပြောတဲ့သူတွေက နှစ်ရက်ကို တစ်ဦးလောက် ပါနေတယ်။ သူ့ဘာသာ ဘယ်သူနဲ့ပဲသိသိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ရင်တော့ ဖမ်းမှာ ပဲ''ဟုပြောသည်။

ဖမ်းဆီးခံရသည့်သူများ အနက် အချို့ဖမ်းဆီးခံရသူများ သည် ယခင်အစိုးရလက်ထက် က လူကြီးများ၏အမည်ကိုအ သုံးပြုကာ ယာဉ်ကြောရှင်းလင်း သည့် တာဝန်ရှိသူများအားပြော ဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းက ဆက်လက် ပြော သည်။ အနားယူသွားပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး ဖြစ်သူ၏ကားကိုလည်း ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မညီညွတ်သည့်အတွက် မရမ်း ကုန်းမြို့နယ်တွင် နိုဝင်ဘာ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း၊ ၎င်း ၏ကား ကို ကရိန်းကား နှင့်ဆွဲယူ ကာ စမ်းချောင်းမြို့နယ်ရှိ ရှင် စောပုဝင်းသို့ ပို့ဆောင်ခံရသ ဖြင့် ယင်းတို့၏ကားသည်လည်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၏ သက်ဆိုင် ရာဥပဒေနှင့်အညီ အရေးယူခံ ရမည်ဖြစ်ကြောင်း သိရ သည်။

အလားတူပင် နေပြည် တော်မှ ရဲမှူးကြီးတစ်ဦးဖြစ်သူ ဇနီး၏ကားသည်လည်း စည်း ကမ်းဖောက်ဖျက်သည့်အတွက် ယင်းကဲ့သို့ ဖမ်းဆီးခံခဲ့ရ ကြောင်း သိရသည်။ အဝေးပြေးကုန်ကား မောင်းနှင်နေသည့် ဦးအောင် လှိုင်ဦးက ''အခုလိုမျိုး ဘယ် သူ့ ကိုမှ မျက်နှာမလိုက်ဘဲ အရေး ယူနေတယ်ဆိုတော့ ကောင်းပါ တယ်။ ဒါပေမဲ့ ဒီဟာကိုဆက် ကျင့်သုံးဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး။ တော်တော်အောင် မြင်ဖို့လိုအပ်တယ်''ဟု သူ၏အ မြင်ကို ပြောသည်။

ထိုကဲ့သို့ဖမ်းဆီးမှုများပြု လုပ်နေသော်လည်း ယာဉ်ကြော ကျပ်ပိတ်ဆို့မှုသည် အဆိုပါတစ် ခုနှင့် မပြီးကြောင်း၊ သို့ရာတွင် ယခုလုပ်ကိုင်နေသည့် စနစ်တစ် ခုသည်လည်း ယာဉ်ကြောပိတ် ဆို့မှုကို သက်သာစေမည့်နည်း လမ်းတစ် ခုဖြစ် ကြောင်း ယင်း က ဆက်လက်ပြောသည်။ ရန်ကုန်မြို့တွင်း ယာဉ် မောင်းနှင်နေသူတစ်ဦးက ယာဉ် များသည် ဖမ်းဆီးသည့်အချိန် ခဏတွင်သာ ယာဉ်ကြောရှင်း သော်လည်း အဆိုပါအဖွဲ့မရှိ ပါက ယာဉ်များမှာ စည်းကမ်း မဲ့ရပ်နား မှုများ ဆက်လက် ပြု လုပ်မြဲပင်ဖြစ်နေကြောင်း ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း အထူးစစ်ဆေး ရေးအဖွဲ့သည် နိုဝင်ဘာ၈ရက် မှစတင်ကာ မြို့တွင်းရှိ ယာဉ် မရပ်ရအဖြစ် သတ်မှတ်ထား သော၅ရလမ်းတွင် စည်းကမ်း မဲ့ရပ်နားထားသော ယာဉ်များ ကို ကရိန်းကားဖြင့် ဖမ်းဆီးအ ရေးယူမှု များ ပြုလုပ်ခဲ့သည်။ နို ဝင်ဘာလတွင် စတင်ခဲ့သော် လည်း ပြီးဆုံးမည့်အချိန်ကိုမူ ကန့်သတ်မထားကြောင်း သိရ သည်။ ယနေ့အထိ ယာဉ်အစီး ရေပေါင်း တစ်ထောင်ကျော်ကို ဖမ်းဆီးအရေးယူပြီးဖြစ်ကြောင်း၊ ၎င်းတို့ကို ရှင်စောပု ကား ဝင်း တွင် ထားရှိကြောင်း သိရသည်။

No comments:

Post a Comment