Friday, December 27, 2013

ညီမလေး နင်သိနော်

နင့်ကြောင့်.....

ငါ နေ့ရက်တိုင်းကို ကြည်နူးစွာ ရင်ခုန်တတ်ခဲ့တယ်။
ငါ မနက်ဖြန်တိုင်းကို ပျော်ရွှင်စွာ မျှော်လင့်တတ်ခဲ့တယ်။
ငါ သည်းခံစိတ်ထားတတ်လာခဲ့တယ်။

ငါ အချစ်နှင့်သစ္စာ မက်မက်မောမောတန်ဖိုးထားတတ်ခဲ့တယ်။
ငါ ဒေါသ မလိုမကျခြင်းတွေ မျိုသိပ်တတ်ခဲ့တယ်။
ငါ အလွမ်းတွေနဲ့ ခင်မင်ရင်းနှီးလာခဲ့တယ်။

ငါ သဝန်တိုတတ်ခဲ့တယ်။
ငါ စိုးရိမ် ပူပန်တတ်ခဲ့တယ်။
ငါ စိတ်မကောင်းဖြစ်လည်း ပြုံးနိုင်ခဲ့တယ်။

ငါ ညပေါင်းများစွာ အိပ်ရေးပျက်ခဲ့တယ်။
ငါ အထီးကျန်ခြင်းကို ခံစားတတ်ခဲ့တယ်။
ငါ လူမသိအောင် ကြိတ်ငိုခြင်းကို အကျင့်လုပ်တတ်ခဲ့တယ်။

ငါ အလိုက်တသိ အရိပ်အကဲ ကြည့်ပြီးနေတတ်ခဲ့တယ်။
ငါ စိတ်ကောက်တတ်တဲ့ အကျင့်ကို ကြိုးစားပြင်ခဲ့တယ်။
ငါ ဘာလုပ်လုပ် အစီရင်ခံတဲ့ အကျင့်ဖြစ်ခဲ့တယ်။

နင့်ကြောင့်တော့..
ငါ အသဲကွဲခြင်း ကိုမခံစားပါရစေနဲ့။
ငါ နာကျဉ်းတတ်တဲ့ စိတ်မရပါရစေနဲ့။
ငါ လက်စားချေလိုသော စိတ်မဖြစ်ပါရစေနဲ့။
ငါ သူတစ်ပါး ပြောစမှတ် မဖြစ်ပါရစေနဲ့။
*D@y

No comments:

Post a Comment