Thursday, December 26, 2013

ပိုချစ်ရတဲ့ အကြောင်းအရင်း ( မောင်လှမျိုး - ချင်းချောင်းခြံ


****************************************

ခွဲခွာခက်ခဲ

တစ်သက်တွဲပျော်

လက်တွဲဖော်ရေ....။

နွေ..သို့ ၊ ကူးသန်း

မိုးဦး....၊လမ်းကျော်

ဆောင်းပေါ် ၊ဖြတ်ပြေး...

ဘ၀ ၊ဝေး....နီး

ဤခရီးကို

နည်းများစွာဖြင့် လှမ်းခဲ့တယ် ။

လွမ်းလည်း လွမ်းဖူး

ဝမ်းနည်းစူးရှ ၊ မျက်ရည်ည....များ

သမုဒယ....သွေး ၊အယုအယဝေးလို့

အခုမှပဲ နွေးတော့တယ် ။

နွေးလက်စ မကုန်ခင်

ခုံမင်တွယ်ဖက် ၊ ကိုယ့်ရဲ့လက်တွေ

တုန်ယင်ထိတ်စိုး ၊ ဝေးမှာစိုးလို့

မြတ်နိုးဆယ်ဆ ချစ်တော့တယ်.....။ ။

No comments:

Post a Comment