Saturday, December 28, 2013

ရဲ အယောင်ဆောင်ကာ ကျပ်သိန်း ၇၀ ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများ ခြိမ်းခြောက်လုယူ



ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။ ။ ရဲဝန်ထမ်း အယောင်ဆောင်ပြီး နေအိမ်တစ် အိမ်ကို အမှုဆင်ဝင်ရောက်ကာ ကျပ်သိန်းရဝကျော်တန် ဖိုးရှိ ရွှေ ထည်ပစ္စည်းများကို ခြိမ်းခြောက် လုယူမှုတစ်ခု ထန်းတပင်နယ်တွင် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ရဲဝန်ထမ်း အယောင်ဆောင် ထားသည့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ယခုလ ၂၄ရက် ည၁ဝနာရီကျော်ခန့်က ထန်းတပင်မြို့နယ် ရိုးလေးကျေး ရွာရှိ အိမ်အမှတ်(-)သို့ လာရောက် ကာ အိမ်ရှင်များ အိပ်ပျော်နေစဉ် ရဲအယောင် ဆောင်ထား သူများ က အိမ်ရှင်များကိုနှိုးကာ ဇာတ်လမ်း ဆင်ပြီး ယင်းကဲ့သို့ခြိမ်းခြောက်လု ယူသွားခြင်းဖြစ်ကြောင်း သိရသည်။

ရဲဝန်ထမ်းအယောင်ဆောင် ထားသူများသည် အိမ်ရှင်ဖြစ်သူ အသက်၂၆နှစ်အရွယ်ရှိ အမျိုးသမီး ၏ မောင်ဖြစ်သူနှင့် သူငယ်ချင်းကို မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးထား ကြောင်း၊ အမှုမဖွင့်လိုပါက ကျပ် ငါးသိန်း ပေးရမည်ဖြစ်ကြောင်း၊ မပေးပါက ဒုက္ခရာက်လိမ်မည့် ဟု ခြိမ်းခြောက်ကာ ငွေတောင်း ခံခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ပြောဆိုမှုကြောင့် အိမ်ရှင်ဖြစ်သူ အမျိုးသမီးသည် အိပ်ခန်းအတွင်းတွင် ကျွန်းသေတ္တာ ဖြင့် သိမ်းဆည်းထားသောငွေများ နှင့် ရွှေထည် ပစ္စည်းအိတ် ကို ယူ ဆောင်လာချိန်တွင် ရဲအယောင် ဆောင်အမျိုးသမီးက စစ်ဆေးမည် ဟု အိပ်ခန်းအတွင်း ဝင်ရောက် လာပြီး ယင်းအိတ်ကိုကြမ်းပေါ် သို့မှောက်ချခဲ့ကြောင်း သိရသည်။

ရဲအယောင်ဆောင်အမျိုး သားတစ်ဦးသည် အဆိုပါအိတ်မှ ငွေနှင့် တန်ဖိုးရှိရွှေထည်ပစ္စည်း များကို လွယ်အိတ်ထဲသို့ ထည့် ကာ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါကျူးလွန်မှုမဖြစ် ပွားမီအချိန်တွင် ရဲအယောင်ဆောင် ထားသူများ သည် နေအိမ်အနီးတွင် နေထိုင်သော အမျိုးသားတစ်ဦး ကိုခေါ်ကာ အိမ်ရှင်များအိပ်ပျော် နေစဉ် ယင်းအမျိုးသား၏အကူ အညီဖြင့် အိမ်ရှင်ကို နှိုးခဲ့ခြင်းဖြစ် ကြောင်း၊ အိမ်ရှင် နိုးသည့်အခါ တွင် နေအိမ်ခြေရင်းရှိအိမ်မှအမျိုး သားမှာ ၄င်း၏ နေအိမ် သို့ပြန် သွား ခဲ့ကြောင်း သိရသည်။

အိမ်ရှင်အမျိုးသမီးက သူမ ၏ ခင်ပွန်းဖြစ်သူနာမည်ကိုခေါ် ၍ နှိုးသည့်အတွက် အိပ်ရာမှထ ခဲ့ရာ အိမ်ရှေ့တွင် လှိုင်သာယာ အမှတ်(၂)ရဲစခန်းမှ ရဲတွေဟုပြော ဆိုသဖြင့် တံခါးဖွင့်ပေးခဲ့ရခြင်း ဖြစ်ကြောင်း အိမ်ရှင်အမျိုးသမီး က အဆိုပါရဲ အယောင်ဆောင် အမျိုးသားများနှင့် အမျိုးသမီးကို မြင်လျှင်မှတ်မိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက် ပြီး ထန်းတပင်မြို့နယ် တက်သစ် ရဲကင်းစခန်းသို့ ဆက်သွယ်မေး မြန်းရာ စခန်းမှူးနှင့်အဖွဲ့ဝင်များ မှာ လှိုင်သာယာမြို့နယ်သို့သွား ရောက်စုံစမ်းနေကြပြီး အမှုကို ခိုး မှုအဖြစ်ဖွင့်ထားကြောင်း ရန်ကုန် တိုင်းမ် နေ့စဉ် သတင်းစာ သို့ ဒီဇင် ဘာ၂၅ရက်တွင် ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တက် သစ်ရဲစခန်းက (ပ)၁၃၁/၁၃၊ ပြစ်မှုပုဒ်မ-၃၈၂/၁ရဝဖြင့် ဒီဇင် ဘာ၂၅ရက်တွင်အမှုဖွင့်ပြီး တရား ခံဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိ ကြောင်း သိရသည်။

သော်ဇင်ထက်
Yangon Media Group
Like · ·

No comments:

Post a Comment