Tuesday, December 24, 2013

Words and Figures


ကျွန်တော်တို့ ဘဏ်ဝန်ထမ်း အားလုံးသည် Words and Figures နေ့တိုင်းရေးရပါတယ်။ ဘဏ်ဝန်ထမ်းအသစ်များအတွက် ကျွန်တော့်၏ အလွယ်မှတ်နည်းကို မျှေoလိုက်ပါသည်။
(က)
1 = One
10 = Ten
100 = Hundred
(ခ)
1,000 = Thousand
1,000,000 = Million
1,000,000,000 = Billion
1,000,000,000,000 = Trillion

အပိုင်း (ခ) ၏ အခြေခံသည် သုညသုံးလုံးတိုးတိုင်း အမည်အသစ်ဖြစ်ပါသည်။ နောက်ထပ် အစီအစဉ်မှာ trillion, quadrillion, quintiliion, sextillion, heptillion, etc စသည်ဖြင့် ရှိပါသည်။ သို့သော် Million and Billion နိုင်ငံပေါ်မူတည်ပြီး ပြောင်းလဲသော်လည်း အထက်မှာ US Version ဖြစ်ပြီး အသုံးများပါသည်။ ရေးနည်းမှာ --- အပိုင်း (ခ) ပေါ်အခြေခံပြီး အပိုင်း (က) ကို ထပ်ပေါင်းပြီး ရေးရင် အရမ်းလွယ်ပါသည်။
ဥပမာ။
1,001,000 = One Million and One Thousands.
1,010,000 = One Million and Ten Thousands.
1,100,000 = One Million and Hundred Thousands.

ထူးခြားချက်မှာ မြန်မာဘဏ်နှင့်ပတ်သက်သော ဂဏန်းအသုံးအနှုန်းများတွင် lakh (သိန်း) သည် ပါဝင်နေသည့်အပြင် separator ဖြတ်ပုံလည်း ၅ လုံးနှင့် ၆ လုံးခြားတွင် ဖြတ်ပါသည်။ ဥပမာ - 1,00,000 ပေါ့။ ကျွန်တော်လေ့လာမိသလောက် မြန်မာဘဏ်လုပ်ငန်းသည် India မှ ဆင်းသက်သောကြောင့် lakh သည် ဆက်လက်အသုံးပြုနေသည့်အပြင် currency တွင်လည်း တစ်ထောင်စည်း၊ တစ်သန်းစည်း ထက် တစ်သိန်းစည်းက ပို၍ အဆင်ပြေနေသောကြောင့် lakh ကို အသုံးပြုနေကြသည်။ Lakh ကို India and Myanmar ကလွှဲ၍ အခြားသောနိုင်ငံများကို မရင်းနှီးကြသောကြောင့် ဘဏ်လုပ်ငန်းများအနေဖြင့် နိုင်ငံတကာနှင့်ပတ်သက်သောအကြောင်းအရာများတွင် အသုံးပြုသင့်/မပြုသင့် စဉ်းစားသင့်ကြောင်း တွေ့မိရင်း

No comments:

Post a Comment