Monday, December 2, 2013
ကျးလကေ် ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနား ကျင်းပ
ဇီးကုန်း ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့၊ မြို့နယ်သမ၀ါယမအသင်းစု လီမိတက်သည် နိုဝင်ဘာ ၂၉ ရက်၊ နနံ က် ၉ နာရီက ဇီးကုန်းမြို့၊ မြို့နယ် သမ၀ါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ တတိယအကြိမ်မြောက် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး ပံ့ပိုးချေးငွေ ပေးအပ်ပွဲ ပြုလုပ်သည်။ အခမ်းအနားသို့ ဇီကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းမှ တက်ရောက် အမှာစကားပြောကြားပြီး မြို့နယ်သမ၀ါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းလှတင်နှင့် မြို့နယ် သမ၀ါယမအသင်းစုဥက္ကဋ္ဌ ဦးသန်းညွန့် တို့မှ ကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမ၀ါယမအသင်း ၂၄ သင်း၊ အသင်းသား ၁၂၀၅ ဦးအတွက် ငွေကျပ် ၁၃၇၈၉၀၀၀၀ ပံ့ပိုးချေးငွေ များပေးအပ်သည်။ ဒုတိယအကြိမ် ဖွံ့ဖြိုးရေးလုပ်ငန်း ချေးငွေများကို သတ်မှတ်ရက်အတွင်း ကျေးရွာ သမ၀ါယမအသင်း အားလုံမှ အကျေပေးဆပ်ခဲ့ကြ၍ ကျေးရွာ သမ၀ါယမအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများသို့ ဂုဏ်ပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယဉ်ထွေး
Pyay City - ကျေးလက် ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနား ကျင်းပ
pyaycity.com
No comments:
Post a Comment