Tuesday, January 14, 2014

(ဦး)ခင်ညွန့်ကို စာနာ သနား ကြင်နာ၍ ခွင့်လွှတ်ခြင်းများ မပြုမီ

 သူဖျက်ဆီးလိုက်၍ အပြစ်မဲ့ပြီး ဘဝတွေပျက် မိသားစုတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရသူများထဲမှာ ထင်ရှားသူများကို ပုံတွင်တွေ့နိုင်ပါသည်။
- နိုင်ယက္ခနှင့် နိုင်မျိုးသွေး တို့ကို အာဇာနည်ကုန်းကို ဖောက်ခွဲရန်လုပ်ကြံမှုနှင့် ထောက်လှမ်းရေးမှ အမှုဆင်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ လွတ်မြောက်ခြင်း မရှိသေး
- ကိုဇော်သက်ထွေးကို ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သူနှင့် လုံးဝ သိကျွမ်းခြင်း မရှိသောသူ ၈ ယောက်နှင့်အတူပူးပေါင်း၍ နိုင်ငံတော်အကြီးအကဲများအား လုပ်ကြံရန် ကြံစည်မှုဖြင့် သေဒဏ် ချမှတ်ခံခဲ့ရသည်။
- ကိုညီညီဦး ၁၉၈၉ သန်လျှင် ရေနံချက် စက်ရုံကို ဗုံးခွဲမှုဖြင့် ထောက်လှမ်းရေးမှ ဖမ်းဆီးထောင်ချခဲ့ပြီး နောက်တလခန့် အကြာ တကယ်ဗုံးခွဲသူ KNU မှ ဗိုလ်မှူး ကိုကိုနိုင် ကို ဖမ်းဆီးမိပြီး ကိုကိုနိုင်မှ ဗုံးခွဲခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ထောင်ထဲတွင် ၂၃ နှစ် နေထိုင်ခဲ့ရသည်။
- ဦးခွန်ထွန်းဦးအား နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုဖြင့် ထောက်လှမ်းရေးမှ အကွက်ဆင် ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ပေါင်း ၁၀၀ ကျော် ချမှတ်ခံခဲ့ရသည်။
ထောက်လှမ်းရေး အကြီးအကဲ ရာထူးယူခဲ့သူ (ဦး)ခင်ညွန့်အား အဆိုပါ ပုဂ္ဂိုလ်များကို ထောက်လှမ်းရေးမှ လုပ်ကြံဖမ်းဆီးခဲ့ခြင်းကို ဝန်ခံ တောင်းပန်ပြီး .. လက်ရှိ အကျဉ်းကျနေသူ နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့အား ဦးသိန်းစိန် အစိုးရမှ လွှတ်ပေးရန် တရားဝင် တောင်းဆိုခြင်းများ ပြုလုပ်ပါရန် တောင်းဆိုလိုက်ပါသည်။

(ကိုထိုက်)
Like ·

No comments:

Post a Comment