Wednesday, January 29, 2014

” အထူးဖိတ်ကြားလွှာ”

နယ်ဝေးကမို့ မလာနိုင်တာ ခွင့်လွှတ်ပါ။
============ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ရှေ့ဆက်မည့်အနာဂတ်တွင် ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေပါ ” ပုဒ်မ ( ၅၉ ) ” အား ပြင်ဆင်ခြင်း/ ဖျက်သိမ်းခြင်းဖြင့် အကျိုးမဲ့ကိုသာ ရင်ဆိုင်ရမည်ဟု မြန်မာပြည်သူ/သားများနည်းတူ နားလည်ခံစားမိပါသဖြင့် မြန်မာ့အမျိုးသားရေးနှင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် အစဉ်အမြဲရှေ့တန်းမှရပ်တည်နေမည့် မြန်မာ့အမျိုးသားရေးကွန်ယက်မှ ” အမျိုးသားရေးရှုထောင့်မှ ကာကွယ်စောင့်ရှောက်ရမည့် ပုဒ်မ ( ၅၉ ) ” ခေါင်းစဉ်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ( ၅၉ ) အား အစဉ်တည်မြဲစေလိုပါကြောင်း ဟောကြားမည့်အစီအစဉ်များအား အများပြည်သူရှေ့မှောက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် တက်ရောက်ဆန္ဒဖော်ထုတ်စေလိုပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ နေ့ရက်။ ။ (၂.၂.၂၀၁၄) တနင်္ဂနွေနေ့ အချိန် ။ ။ နေ့လည် ( ၁:၀၀)နာရီမှ ညနေ ( ၅:၀၀)နာရီအထိ နေရာ ။ ။ ဗိုလ်စိန်မှန်အားကစားကွင်း၊ ဗဟန်းမြို့ ( Myanmar National Network ) ပုဒ်မ ( ၅၉ ) ကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။ ---------------------------------------------------- ၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် - (က) နိုင်ငံတော်နှင့် နိုင်ငံသားအပေါ် သစ္စာရှိသူဖြစ်ရမည်။ ( ခ )မိမိနှင့်မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။ ( ဂ ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံးအသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ ( ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည်။ ( င ) သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်သူဖြစ်ရမည်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ်ထည့်သွင်းရေတွက်ရမည်။ ( စ ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး ( သို့မဟုတ် ) ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး ( သို့မဟုတ် ) ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းံတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်းခံစားရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။ (ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။ လင်း လက် ( Nay Zon Phyo ) 28/1/2014 Credit Photo >

No comments:

Post a Comment