Saturday, January 18, 2014

မျက်နှာပြင်ပေါ်မှ အမာရွတ်များ ပျောက်စေရန်


=======================
Reposted by ပျိုမေတို့သိစေဖို့


(၁) သံပရာရည်ဖြင့် အမာရွတ်ပေါ် ကို (၁၅)မိနစ်ခန့် တစ်နေ့လျှင် (၂) ကြိမ် လိမ်းပေးပါ။

(၂) ရေခဲတုံးနှင့်အမာရွတ်ကို နေ့စဉ် (၁၅)မိနစ်ပွတ်ပေးပါ။

(၃)ရှားစောင်းလက်ပတ်မှ အစေးကို လိမ်းပေးခြင်းဖြင့် ရေရှည်မပျောက် နိုင်သောအမာရွတ်ကို တဖြည်း ဖြည်းမှေးမှိန်လာစေသည်။

(၄) Tree Tea Oil ကို အရေပြား ပေါ်တွင် နေ့စဉ်လိမ်းပေးပါ။ တစ် ခါလိမ်းပြီးတိုင်း မိနစ်(၃၀)ထားပါ။ အမာရွတ်ကို သိသာစွာလျော့ပါး သွားစေသည်။

(၅)အမာရွတ်မှ အမည်းကွက်သဏ္ဍာန်ကျန်ခဲ့လျှင် ပျားရည်ကို ည မအိပ် မီ လိမ်းပါ။ အပေါ်မှ ပလပ်စတာ ကပ်ပါ။

(၆)နံ့သာဖြူကို ရေအေးဖြင့် လိမ်းပေးလျှင် အေးမြပြီး အမာရွတ် ကို ပျောက်စေသည်။

(၇)ဗံဒါသီး(၂)လုံး(၃)လုံးကို ရေတွင် စိမ်ပါ။ နံနက်တွင် အခွံခွာ၍ ခြေပါ ။ Rose Water နှင့်ရော၍ မျက်နှာ ပေါ်တွင် လိမ်းပေးခြင်းသည်လည်း အမာရွတ်ကို လျော့ပါးစေသည်။

(၈)အာလူးတွင် မင်နရယ် ဓာတ်များဖြစ်သည့်ပိုတက်စီယမ်၊ ဆာလ်ဖာတို့ပါဝင်သဖြင့် အာလူးစိမ့် ရည်ကို မျက်နှာတွင် လိမ်းပေးခြင်း ဖြင့် အမာရွတ်ကို သက်သာသွားစေ သည်။

Health Updates Journal
----

(လူတိုင်းကျန်းမာနုပျိုစေရန် ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်)

No comments:

Post a Comment