Thursday, January 23, 2014

မောင်တောမြို့နယ် ပဋိပက္ခတွင် ရဲများကို စတင်တိုက်ခိုက်မှုကို ဦးဆောင်သူသည် ဘင်္ဂါလီအဖွဲ့အစည်းတစ်ခု၏ သင်တန်းသားဟု နိုင်ငံပိုင်မီဒီယာဆို



မဇ္ဈိမသတင်းဌာန| ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၂ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားရွာတွင် ဇန်နဝါရီလ ၁၄ရက်က ဒေသခံ ဘင်္ဂလီများနှင့် မောင်တောရဲများအကြား ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ရဲတပ်ဖွဲ့ဝင်များအား စတင်တိုက်ခိုက်ရန် ဦးဆောင်သူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)တွင် သင်တန်းတက်ခဲ့သော ကေဖိုက်ဒူလာဖြစ်သည်ဟု နိုင်ငံပိုင်ရုပ်သံမီဒီယာ (MRTV)က ဇန်နဝါရီလ ၂၂ရက် ည၉နာရီသတင်းတွင် ကြေငြာလိုက်သည်။

RSOတွင် သင်တန်းတက်ခဲ့သည့် ကေဖိုက်ဒူလာ ဆိုသူသည် ပဋိပက္ခမဖြစ်ပွားမီ ၁၀ရက်ခန့်ကမှ ဒုချီးရားတန်းကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏ သူငယ်ချင်း ငါးဦးခန့်နှင့်အတူ သေနတ်ပုံစံတူ တုတ်များပြုလုပ်ခဲ့ပြီး ပစ်ခတ်တတ်ရန် သင်ပေးခဲ့သည်ဟု ဆိုသည်။
အခင်းဖြစ်ပွားချိန်တွင် ကေဖိုက်ဒူလာနှင့်အတူ ဘင်္ဂလီ ၁၈ဦးပါဝင်ပြီး လက်ရှိတွင် ၁၁ဦးသည် တစ်ဖက်နိုင်ငံ၌ တိမ်းရှောင်နေပြီး RSO၏ အကူအညီ အထောက်အပံ့ ရရှိရန် ကြိုးပမ်းနေသည်ဟုလည်း နိုင်ငံပိုင် ရုပ်သံမီဒီယာက ကြေငြာခဲ့သည်။
ဇန်နဝါရီလ ၁၄ရက်က အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် မောင်တောမြို့နယ်၊ ခရေမြိုင် ရဲကင်းစခန်းက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသည် ဘင်္ဂလီ လူအုပ်ကြားထဲတွင် လူစုကွဲကာ ကျန်နေခဲ့ပြီး ယခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

No comments:

Post a Comment