Friday, January 24, 2014

တောက်.....


မင်းတို့  စစ်တပ်က စစ်သားတွေ
ဟုတ်လား...

သွားသွား..
ဝေးဝေး သွားကွာ...

မျက်ရည်ကျလျက်.....။


ငါ လည်း တစ်ချိန်က စစ်သားမှ စစ်သား
ဒေါင်ဒေါင်မြည် စစ်သားပေါ့ကွာ...
တိုက်မယ်ခိုက်မယ် ဒို့ မကြောက်တယ်...

လစာ ဆိုတာ....ထောင် ဂဏန်းလေး ပေါ့...
ငါ့ မိန်းမက ...
မိသားစု တပ်ရိက္ခာ ရပါတယ် ..
မလောက်လို့ ...

တပ် ဘေးက ရွှာလေးမှာ ဟင်းသီးဟင်းရွှက်ရောင်းတယ်ပေါ့ကွာ...
စားလောက်ယုံပါပဲ....

ငါ့ တို့ မိသားစုက ပျော်ဖို့ ကောင်းတယ်ကွ...
ေ၇ှ့ တန်းထွက်ခါနီးရင်လည်း...

သားသမီးလေးတွေ မွေးမွေးပေး...
မိန်းမကို လည်း ကပ်တိုးလေး ပျော်အောင် နောက်လိုက်သေးး..

ပြုံးလျက်..။


ရှေ့ တန်းတဲ့ကွာ.....
တစ်ခါတစ်လေ ၄ လ တစ်ခါတလေ ၈ လဆိုပြီး ၁ နစ်ကျော်လောက်ကြာတယ်..
ရိက္ခာပြတ် စားစရာမရှီပေါ့ကွာ...

ဒါပေမယ့်..
စစ်သားဆိုတဲ့ အသိနဲ့  ..
သေချင်သေပါစေ.....စခန်းမစွန့် ဘူးဆိုတဲ့
ရည်မှန်းချက်ကြောင့် ....တိုက်မယ်ခိုက်မယ်ပေါ့ကွာ....


အင်း ..
ပြန်တွေးကြည့်ရင် မနေ့ တစ်နေ့ ကလို ပါပဲလား...


ဆေးလိပ်အကြမ်းဖွာလျက်...။


ထားပါတော့ကွာ...
ကျုပ်က ၀ါးခသစ် တိုက်ပွဲမှာ ...ခြေထောက် တစ်ဖက်
ပေးဆပ်လိုက်ရတာပါ...


ကျွှန်တော် ရည်မှန်းထားတာ..
ပေးဆပ်မှုတွေက အဓိပ္ပါယ် မမဲ့ဘူးပေါ့ဗျာ.....

ဒါပေမယ့်လည်း...
သူရဲကောင်းဆိုတဲ့ ဘွဲ့ တစ်ခုတည်း ကျေနပ်နိုင်ပါတယ်...

ကျုပ်တို့ က ခုဆို ပေးဆပ်လိုက်ရတဲ့ ခြေထောက်ကြောင့်..
တပ်က ထွက်ပြီး လမ်းဘေးရောက်နေပြီပေါ့ဗျာ....


ကျုပ် အရပ်သားဖြစ်သွားပေမယ့် စစ်သားစိတ်ပါပဲ..
ဒါပေမယ့် မိသားစု နဲ့ ဆိုတော့

လမ်းဘေးအလုပ်ကလေးလုပ်ပြီး ကြုံရာကျပန်း ပေါ့ဗျာ....



ဘယ်သူတွေ ပြောလဲ ...
စစ်သားချမ်းသာတယ်လို့ ....

ဘယ်သူတွေ ပြောလဲ...
စစ်သား တိုက်တလုံး ကားတစီး ပေးနိုင်သလားလို့ ...

ဘယ်သူတွေ ဘာပြောဘူးလဲ...
စစ်သားဟောင်းတွေ နေစရာလေး ပေးမယ်လို့ ......


နိုင်ငံတိုးတက်လာရင်....အစိုးရပြောင်းလာရင်...
သမ္မတ အသစ်သစ်တွေ ဖြစ်လာရင်...


ကျုပ်တို့  အတွက် ဆိုတာ ဘယ်သူတွေဘာတွေ ပြောဖူးလဲ
လွှတ်တော်မှာ ဘာတွေ အဆိုတင်သွင်းနေကြလဲ....



ဒေါသထွက်နေလျက်...။



ပြောနေရင် စိတ်နာပါတယ်ဗျာ..
စစ်သား ချစ်လို့  စစ်သားလုပ်ပေမယ့် မိသားစုမျက်နာလေး
ပြန်ကြည့်ရင် စစ်သားလုပ်ခဲ့တာကို တော်တော် စိတ်နာတယ်..

စိတ်နာတယ်..
စိတ်နာတယ်ဗျ...။



ကဲပါ...
ဗိုလ်ကြီးလဲ ကျွှန်တော် ရင်ဖွင့်တာကို နားထောင်ရတာ
စိတ်မကောင်းဖြစ်နေမယ်....


ကျွှန်တော် စစ်တပ်က ထွက်ပေမယ့် စစ်သားလိုပါပဲ
ကျွှန်တော် အထက် အရာရှိကို ..

ကျွှန်တော် လေးစားလျက် ..
အလေးပြုပါတယ်...


မတ်တပ်ရပ်လျက်...
အလေးပြု သည်...မျက်ရည်တွေနဲ့ ပေါ့.......။



နှုတ်ဆက်ခဲ့ပါတယ်..
ဗိုလ်ကြီး.....


ဗိုလ်ကြီးလည်း ကျောပိုးအိတ်နဲ့ ဆိုတော့ စစ်ဆင်ရေး
တစ်ခုပဲ ထင်တယ်...


ကျွှန်တော် လိုက်လို့ ရရင် လိုက်ချင်လိုက်တာဗျာ...
နောင် ဘ၀ပေါ့...။



လေးစားလျက် ဗိုလ်ကြီး..
ဂရုစိုက်ပါ.....




အော် ဒါနဲ့ ...
ဗိုလ်ကြီး ရဲ့  စိတ်ထားလေးကြောင့် ..
ဒီပိုက်ဆံလေး ၁၀၀၀၀ ကိုတော့ ..


ကျွှန်တော် ထာဝရ မှတ်ထားမှာပါ.....။



ရယ်လျက်...။












စစ်ဆင်ရေး လမ်းခုလတ် ..









။တောသားလေး။
Like · · · 8 hours ago ·

No comments:

Post a Comment