Friday, January 31, 2014
“စိတ်ချမ်းသာအောင် နေပါ”
★★★★★★★★★★★★★
- ဘ၀တစ်ခုရလာတဲ့ အခိုက်အတန့်လေးအတွင်း စိတ်ဆင်းရဲ၊
ကိုယ် ဆင်းရဲနဲ့ ဘ၀ကိုဖြတ် သန်းရရင် ရလာတဲ့ ဘ၀ဟာ ရှုံး
တာပါပဲ။
- ကိုယ် မချမ်းသာခဲ့ရင်တောင် စိတ်ချမ်းချမ်းသာသာနဲ့ ဘ၀ကို
ဖြတ်သန်းနိုင်အောင် ကြိုးစားစေချင်တယ်။ အမြဲတမ်းစိတ်ချမ်း
သာဖို့ ဆိုတာလည်း အင်မတန်မှ ခက်ခဲပါတယ်။
- စိတ်ချမ်းသာအောင် နေတတ်ဖို့ဆိုတာလည်း သင့်တင့်မျှတ
စွာ နှလုံးသွင်းတတ်တဲ့ ဓမ္မအခံရှိဖို့ လိုတယ်။
- စိတ်ချမ်းသာရင် လောကကြီး ဘယ်နားကြည့်လိုက်လိုက် လှ
ပနေတယ်။ သာယာနေတယ်။ ကျေနပ်စရာတွေနဲ့ ပြည့်နှက်နေ
တယ်။
- စိတ်မချမ်းသာတဲ့ လူတစ်ယောက်အတွက်တော့ အရာအား
လုံးဟာ အရုပ်ဆိုးအကျည်းတန်နေတယ်။
(“ဌေး”သာမဏေကျော်ဆရာတော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment