Friday, January 17, 2014

အထက်မြန်မာပြည် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ညီလာခံသို့ သံဃာ အင်အား မကြုံစဖူး

ထူးကဲစွာတက်ရောက်
==================================
မင်းမင်းလတ် + မန္တလေး(မြစ်မခ)
================================
မန္တလေး ၊ ဇန်န၀ါရီ ၁၆ ။ ။ မြန်မာ နိုင်ငံအရပ်ရပ်မှ သံဃာတော် များကြွရောက်၍ ဆရာတော် ကြီးများ၏ဆုံးမသြ၀ါဒခံယူပြီး အမျိုးဘာသာ၊ သာသနာ စောင့် ရှောက်ရေးအဖွဲ့ (အထက်မြန်မာ ပြည် ဖွဲ့စည်းခြင်း) သံဃာ့ညီလာ ခံကို ဇန်န၀ါရီ ၁၅ရက် မွန်းလွဲ ၁နာရီက မန္တလေးမြို့ မဟာ အတုလဝေယံ(အတုမရှိ)ကျောင်း ၌ ကျင်းပခဲ့သည်။

အဆိုပါပွဲသို့ သီတဂူဆရာ တော် ဒေါက်တာဉာဏိဿရ အရှင်သူမြတ်နှင့် အင်းစိန်(ရွာမ) ဆရာတော် ဘဒ္ဒန္တတိလောကာ ၀ံသတို့အပြင် မန္တလေးမြို့မှ ဆရာတော်ကြီးများ၊ မေတ္တာရှင် အရှင်ဇ၀န၊ ရွှေည၀ါဆရာတော် တို့နှင့် အနယ်နယ်အရပ်ရပ်မှ သံဃာအပါးတစ်သောင်းကျော် ကြရောက်ခဲ့ကြောင်း သိရသည်။

““ရောက်ရှိလာတဲ့ ညီ တော်၊ နောင်တော် သံဃာတော် တွေအနေနဲ့ မီးလောင်နေတာ ကို ပုတီးထိုင်စိပ်မနေဘဲ လောင် နေတဲ့မီးကို ၀ိုင်းဝန်းပြီးငြှိမ်းရ မယ်။ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ဆိုတာ ဘာသာအားလုံးနဲ့ဆိုင် တယ်။ ဘုန်းကြီးတို့တောင် မအားပေမယ့် လာသင့်တယ် ယူဆလို့ ရောက်လာတာပဲ။ သံဃာအင်အားက မကြုံဖူး လောက်အောင် များပြားစွာ တက်ရောက်လာကြတာဟာ သာသနာအတွက်ရော၊ အမျိုး ဘာသာအတွက်ရော ခွန်အား တွေဖြစ်တာကြောင့် ညီညွတ်စေ ချင်တယ်””ဟု သက်တော် ၈၂နှစ် ရှိပြီဖြစ်သည့် ဘဒ္ဒန္တကေသရ ဆရာတော်ကြီးက မိန့်ကြား သည်။

““အဖွဲ့အစည်းတစ်ခု ဖွဲ့ရာ မှာ တိုင်းပြည်နဲ့လူမျိုးအတွက် ကြည့်ပြီး ဖွဲ့ကြတယ်။ ဖွဲ့ပြီးရင် လဲ ချမှတ်ထားတဲ့မူဘောင်တွေ နဲ့ အချိုး ညီညီ လေးလေး စားစား ညီညွတ်စွာ လုပ်ရမယ်။ ဒါမှ အမျိုးဘာသာ သာသနာ အတွက် အကျိုးဖြစ်အောင်မြင် မယ်””ဟု သီတဂူဆရာတော်ကြီး က မိန့်သည်။

တက်ရောက်လာသော ဆရာတော်၊ သံဃာတော်များ မှာ ပြည်နယ်နှင့် တိုင်းအသီးသီး မှ တက်ရောက်ကြကာ မျှော် မှန်းထားသည့်အရေအတွက် ၅၀၀၀ထက်ပိုမို၍ သုံးသောင်း ကျော် တက်ရောက်ခဲ့ကြပြီး နောက် ၎င်းင်းညီလာခံမှ အချက် ၁၁ချက်ပါဝင်သော သဘော ထားကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးစောင့်ဥပဒေ မှာ မြန်မာနိုင်ငံတွင် ၁၉၅၄ခုနှစ် ကတည်းက ဗုဒ္ဓဘာသာအမျိုး သမီးများ ထိမ်းမြားခွင့်ဥပဒေ အရ ပြဋ္ဌာန်းခဲ့ပြီးဖြစ်၍ တက် ရောက်လာသည့် သံဃာတော် အပါး သုံးသောင်းခန့် ကလည်း ထောက်ခံအတည်ပြုခဲ့ကြသည်။

Yangon Media Group

No comments:

Post a Comment