Friday, January 31, 2014

ဟောင်ကောင် က ဖိလစ်ပိုင်အား အရေးယူခြင်းကို တရုတ်ထောက်ခံ



တရုတ် အစိုးရက ဖိလစ်ပိုင် တွင် လွန်ခဲ့သော သုံးနှစ်က ဖြစ်ပွား ခဲ့သော ပြန်ပေးဆွဲ မှု ကိစ္စကို ကိုင်တွယ် လုပ်ဆောင် နေသော ဟောင်ကောင် ကို ကျောထောက် နောက်ခံ အားပေး နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့် ရ ပုဂ္ဂိုလ် ဟာချွန်ယင် က ဇန်နဝါရီ ၂၉ ရက် က ပြောကြား ခဲ့သည်။ ဖိလစ်ပိုင် က တရားဝင် တောင်းပန် မှု ပြုလုပ်ရန် ပျက်ကွက် ခြင်းနှင့် ဓားစာခံ မိသားစု ၏ တောင်းဆို ချက်ကို မလိုက်လျော သောကြောင့် ဟောင်ကောင် က ဖိလစ်ပိုင် ကို ပိတ်ဆို့ အရေးယူ ကြောင်း ကြေညာ ခဲ့ သည်ဟု ဆိုသည်။

ဖိလစ်ပိုင် ဝန်ထမ်းများ၏ ၁၄ ရက်နေထိုင်ခွင့် ဗီဇာနှင့် နိုင်ငံကူး လက်မှတ် တို့ကို ဖေဖော်ဝါရီ ၅ ရက်မှစ၍ ရပ်ဆိုင်း မည် ဖြစ် ကြောင်း ဟောင်ကောင် အုပ်ချုပ် ရေးမှူး စီဝိုင်လျန် က ဇန်နဝါရီ ၂၉ ရက်က ပြောကြား ခဲ့သည်။ တရုတ် အစိုးရက ဒဏ်ရာရ သူများနှင့် ဓားစာခံ များ၏ မိသားစု များကို လေးစားမှု ရှိရန်နှင့် အဆိုပါ ကိစ္စကို အမြန်ဆုံး ဖြေရှင်း ပေးရန် ဖိလစ်ပိုင် ကို တိုက် တွန်း ထားကြောင်း သိရသည်။ ၂၀၁၀ ခုနှစ် သြဂုတ် ၂၃ ရက်က ရာထူး မှ ထုတ်ပယ် ခံရသော ရဲအရာရှိ ရိုလန်ဒို မန်ဒိုဇာ သည် မနီလာ မြို့တော် တွင် ကမ္ဘာ လှည့် ခရီးသည် ၂၅ ဦး ပါသော ကားကို ပြန်ပေးဆွဲ ခဲ့သည်။ အဆိုပါ ဖြစ်စဉ် တွင် မန်ဒိုဇာ နှင့် ဟောင်ကောင် မှ ကမ္ဘာ လှည့် ခရီးသည် ရှစ်ဦး သေဆုံး ခဲ့ပြီး ခုနစ်ဦး ဒဏ်ရာ ရခဲ့သည်။ ဖိလစ်ပိုင် သမ္မတ ဘီနင်နို အကွီနို သည် အဆိုပါ ဖြစ်ရပ် အတွက် လူသိ ရှင်ကြား တောင်းပန် ရန် အစဉ် တစိုက် ငြင်းဆို ခဲ့သည်။

ဆင်ဟွာ

No comments:

Post a Comment