Friday, January 17, 2014

အမျိုးဘာသာ စောင့်ရှောက်ရေးအသင်းကြီးအတွက် စိန်ခေါ်မှုများ


===================================

(၁ ) ၀ှိုက်ဒ် ကဒ်ထုတ်ပေးခံရသူဘင်္ဂံလီ ၆ သိန်းကျော် မှာ
ယခုထက်ထိ အနေအစားမပျက်ခြင်း။ မဲပါ ပေးလာနိုင်ခြင်း။


(၂) လွှတ်တော် အတွင်းသတင်းတော်တော်များများကို သိရှိထားသော
ဘင်္ဂံလီခရိုနီ အမတ်များ ယနေ့အချိန်အထိ အိနြေ္ဒမပျက်ပြုံးပျော်နေခြင်း။


(၃) အစိုးရဌာနဆိုင်ရာကြီးများမှ လက်တန်းလုပ်ပိုင်ခွင့်ချထားသော..
ဘင်္ဂံလီခရိုနီကြီးများ ယခုထက်ထိ အေးဆေးစွာ လုပ်ပိုင်ခွင့်ရနေခြင်း။


(၄) လက်ပတောင်း လယ်တီိသိမ်တော်အား ပြောင်းရွှေ့ ခွင့်ကျလာခြင်း။


(၅) လက်ပတောင်းသပိတ်စခန်းဖြိုခွင်းခံရစဉ် သံဃာတော်များမီးလောင်ဒဏ်
သင့်ခဲ့ မှု ၏ တရားခံစစ်စစ်အား မည်သူမျှ မသိရသေးခြင်း။


(၆) ရခိုင်အရေးအခင်းဖြစ်ပွားပြီးချိန်တွင်.. လွှတ်တော်မှ ပယ်ချခဲ့သော..
နိုင်ငံတော်သမ္မတ၏ လွှတ်တော်သို့တင်ပြသည့်သ၀ဏ်လွှာနှင့် တွဲဖက်ပါဝင်ခဲ့သည့်
ဘင်္ဂံလီများကို ဒေသခံများမှ နှိပ်ကွပ်နေကြောင်းနှင့် ၊ထို အကြမ်းဖက်မှုများကို ရခိုင်ပါတီ
များမှ ဦးဆောင်နေကြာင်း သုံးသပ်ချက်စာတမ်းအား မည်သူရေးသည် ဆိုသည်ကို
ယနေ့အချိန်အထိ မဖေါ်ထုတ်နိုင်ခြင်း။


(၇) လူမျိုးဘာသာအဓိကရုဏ်းများဖြစ်ပွားအောင် ဘာသာတစ်ခုနှင့်တစ်ခု
အထင်အမြင်လွဲမှားစေသော ပုတ်ခတ်ပြောဆိုရာတွင်ထင်ရှားသူများသည်
အထောက်အထားများပြားစွာရှိသော်လည်း ...
ယနေ့အထိ မည်သို့မျှ အရေးယူ မခံရသေးခြင်း။

(၈) အမျိုးဘာသာစောင့်ရှောက်ရေးအစည်းအဝေးပွဲကျင်းပခဲ့ရာမန္တလေးမြို့၏ လူမျိုးခြား ပြည်ကြီးတရုတ်များလွှမ်းမိုးမှု ထုထည်အတိုင်းအတာ။


(၉) မြန်မာအစိုးရမှ တရားဝင်စေလွှတ်မည့် တရုတ် (ဟောင်ကောင် ) အပါအ၀င် နိုင်ငံအချို့သို့
တရားဝင် ပို့ဆောင်ပေးမည့်..မြန်မာလူမျိုး အိမ်ဖေါ်များကိစ္စ။


(၁၀) တရုတ်ပြည်သို့ ဥဒဟို ရောက်ရှိနေသည့် တစ်နှစ်လျှင် ၂၀၀၀၀ ခန့်ရှိသော လူမှောင်ခို
ကုန်ကူးခြင်းဒဏ် ခံရသည့် တရုတ်တို့၏ သားဖေါက်စက်သဖွယ်အသုံးပြုခံရမည့်
မြန်မာတိုင်းရင်းသူများကိစ္စ..


(၁၁) ထိုင်းနိုင်ငံတွင် ယောင်္ကျာံး ပြည့်တန်ဆာအလုပ်အပါအ၀င် ကြုံရာကျဘန်းအလုပ်မျိုးစုံကို
အမျိုးဂုဏ်ငယ်စွာ လုပ်ကိုင်နေကြရရှာသည့် သန်းပေါင်းများစွာသော မြန်မာ ကျား/ မ များကိစ္စ။


(၁၂) အာဏာရှင် ၊ ပိုင်ရာဆိုင်ရာ ၊ ခရိုနီ များ ၊ လက်သင့်ရာစားတော်ခေါ်သူများ ၏ နောက်ခံဖြင့်
ဖွင့်လှစ်ထားရှိသည့် ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပေါများပွထ လာသော..
ကေတီဗွီ ၊ မာဆပ် ၊ကလပ် ၊ ပူးလ်ဘား ၊ စသော သွေးသားဈေးကွက်များတွင် အလုပ်လုပ်ကိုင်
နေကြသော.သိန်းဂဏန်းကျော်လာသည့်....မြန်မာတိုင်းရင်းသူ အမျိုးသမီးငယ် များကိစ္စ။

----------------------------

ထိုအချက်များသည် မြန်မာနိုင်ငံ ၏ အမျိုးဘာသာသာကို ညစ်နွမ်းစေပါသည်။
တိုင်းပြည်၏ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိခိုက်စေပါသည်။

ထူးခြားသည်က...
ထိုအချက်များသည် ....

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအသင်းကြီးအား ဖွဲစည်းခွင့်ပြုခဲ့သော... အစိုးရအကြီးအကဲများနှင့်..တစ်မျိုးတစ်ဖုံ ပတ်သက်နေပါသည်..၊

ထိုအစိုးရအကြီးအကဲများသည်..
၂၀၀၇ ခုနှစ်က.ကမ္ဘာမှ အံ့သြချီးကျူးခဲ့သည့် ဗုဒ္ဓဘာသာ၏ ပြယုဂ် တစ်ခုဖြစ်ခဲ့သည့်..
တည်ငြိမ်အေးချမ်းစွာ မေတ္တသုတ်ရွတ်ဆိုဆန္ဒပြခဲ့သောဘုရားသားတော် များကို
ရက်စက်စွာနှိမ်နင်းခဲ့သူများ..ဖြစ်ပါသည်။

အချုပ်တင်ပြရပါက...

တစ်ချိန်က သံဃာ ၅ ဦး ခန့်စုဝေးမှုကိုပင် သံသယရှိခဲ့သော..
သူများသည်...ယနေ့အချိန်တွင် သံဃာသောင်းချီ စုဝေးခွင့်ပြုခဲ့ခြင်းပင်တည်း။


(လွပ်လပ်စွာရှဲနိုင်ပါတယ်)
— with အလွမ်းကမ္ဘာ၏ မာယာ၌ယစ်မူးနေသူ and 2 others.
Like · ·

No comments:

Post a Comment