Friday, January 17, 2014

၆နှစ်အရွယ်ကလေး ပေးတဲ့သင်ခန်းစာ

င်းကြီး ဒွတ္တဘောင် shared Myawady News's status.


နေသာတဲ့တစ်ရက်
ရေခဲမုန့် ဆိုင်လေးတစ်ဆိုင်ရဲ့ဘေးနားကပ်ရပ်က ဆံပင်ညှပ်ဆိုင်လေးကို
၆နှစ်အရွယ်ကောင်းလေးတစ်ယောက်ဝင်လာတော့
ဆံပင်ညှပ်ဆရာက သူညှပ်ပေးနေတဲ့ သူ့ ဖောက်သည်ကို
လေးသံလေးနဲ့ ပြောလိုက်တယ်
" အခုဆိုင်ထဲဝင်လာတဲ့ ကလေးလေးက ကျပ်မပြည့်ဘူးလေ။
ကြည့်နေ ကျွန်တော်သက်သေပြမယ်။ "
ဆိုပြီး ကလေးလေးကိုခေါ်ကာ ခိုင်းတာလုပ်ပြီးပြီလားလို့ မေးပြီး
ကလေးကိုပေးရမယ့် အကျွေ ပြား ၅၀နဲ့ အတူ ၁ ဒေါ်လာတန်ငွေစက္ကူကိုပေးတော့
ကလေးက သူ့ လုပ်ခ ဒေါ်လာပြား ၅၀ပဲယူပြီး ၁ဒေါ်လာကိုတော့မယူ ပဲထားခဲ့တယ်။
ပြီးတော့ ကလေးလေးလဲဆိုင်ထဲကပြန်ထွက်သွားတယ်။
ဒါနဲ့ ဆံပင်ညှပ်ဆရာကလည်း သူ့ ဖောက်သည်ဆံပင်ညှပ်နေတဲ့လူကို
"တွေ့ လားသူပိုက်ဆံရဲ့တန်ဖိုးတောင်မသိလို့ ၁ဒေါ်လာကိုမယူပဲ
အကြွေစေ့ ၅၀ပြားပဲယူသွားတယ်" လို့ ပြောလိုက်တယ်။

ခဏနေတော့ ဆံပင်ညှပ်တဲ့လူ ဆိုင်ထဲကထွက်လာပြီးတော့
ဘေးဆိုင်မှာ ရေခဲမုန့် ဝယ်ပြီးထွက်လာတဲ့စောနက ကလေးကိုတွေ့ တော့
" ကောင်လေးမင်းကို ဦးလေးမေးခွန်းတစ်ခုလောက်မေးချင်လို့ ။
စောနက ဆံပင်ညှပ်ဆရာဦးလေးကြီး ပိုပေးတဲ့ ၁ဒေါ်လာကို
ဘာလို့ မယူသွားတာလဲ" လို့ မေးလိုက်တော့
ကောင်းလေးက သူကိုင်ထားတဲ့ရေခဲမုန့် ကိုလျှာနဲ့ ရပ်ပြီး
" သူပိုပေးတဲ့ ၁ဒေါ်လာကို ကျွန်တော်ယူလိုက်ရင်
ကျွန်တော်သူ့ ကို အမြဲရှုံးသွားမှာပေါ့ " လို့ ပြန်ပြောလိုက်ပါတယ်။

ZK

No comments:

Post a Comment