Saturday, January 18, 2014

မှားသင့်တဲ့အမှား မမှားသင့်တဲ့အမှားဆိုတာရှိပါတယ်



ဒါ
မမှားသင့်တဲ့အမှားဆိုတာ
လူတိုင်းသိပါတယ်
သတင်းစာ ဂျာနယ်သမား
အယ်ဒီတာဆိုတာ
အထွေထွေဗဟုသုတနဲ့ပြည့်စုံကြသူတွေ

သတင်းစာ ဂျာနယ်တွေဆိုတာ
မိမိယုံကြည်ချက်နဲ့ရပ်တည်တဲ့
သတင်းစာ ဂျာနယ်များရှိသလို

ပါတီ အဖွဲ့အစည်း
အစိုးရ အတိုက်အခံ
အယူဝါဒ
စသည်ဖြင့် တစ်ဖက်ဖက်ရဲ့
အာဘော် အယူအဆကို
ဇောင်းပေးဖော်ပြတဲ့ သတင်းစာ ဂျာနယ်တွေလည်းရှိပါတယ်

စာလုံးမှား အကြောင်းအရာမှားဆိုတာ
မကင်းတတ်ကြပေမဲ့
သတင်းစာ ဂျာနယ် တစ်ခုဟာ
အမှားတစ်ခုကို အကာအကွယ်ပြု
တိုင်းပြည်ပြဿနာတက်နိုင်မဲ့အရေး
သိသိချည်းနဲ့ လုပ်လိုက်တဲ့ ကျင့်ဝတ်သိက္ခာနဲ့မညီတဲ့ အလုပ်ကို
လုံးဝ ( လုံးဝ ) မလုပ်သင့်ပါဘူး

ဒီဂျာနယ်ကို ထုတ်ဝေတဲ့သူတွေဟာ
ဒီဂျာနယ်ထုတ်ဝေရခြင်းရည်ရွယ်ချက်ကို
အများသိအောင် ထင်ရှားစွာဖော်ပြပေးလိုက်တာနဲ့ အတူတူပါဘဲ

ဒုတိယကမ္ဘာစစ်ကြိုကာလ
မြန်မာ့အလင်းသတင်းစာမှာ
ဗြိတိန်အိမ်ရှေ့စံ အက်ဒဝပ်မင်းသား
သူ့ချစ်သူနဲ့ လက်ထပ်ဖို့ နန်းစွန့်တဲ့သတင်းကို
အိန္ဒိယမှာ ပညာသင်ကြားနေတဲ့
စာရေးဆရာ သတင်းစာဆရာ သိန်းဖေမြင့်ရဲ့ကြေးနန်းနဲ့သတင်းပေးမှုကြောင့်
အယ်ဒီတာ ဂျာနယ်ကျော်ဦးချစ်မောင်က
သတင်းဦးအဖြစ်ဖော်ပြပေးတဲ့အခါ
အင်္ဂလိပ်အစိုးရက
ပိုင်ရှင် မြန်မာ့အလင်းဦးတင်ကို
ခေါ်မေးပါသတဲ့
ဦးတင်က သူတာဝန်ယူနိုင်ကြောင်းပြန်
ဖြေပါတယ်
အိမ်ရှေ့မင်းသားနန်းစွန့်တဲ့သတင်းကို
အင်္ဂလန်ကသတင်းစာတွေတောင်
နန်းစွန့်ပြီးမှဖော်ပြနိုင်ခဲ့ပါတယ်

သတင်းစာ ဂျာနယ်ဆိုတာ
မိမိရဲ့အယူဝါဒ
မိမိထောက်ခံတဲ့ပါတီ အဖွဲ့အစည်းရဲ့
အယူဝါဒတွေကို
ထောက်ခံရေးသားကြပေမဲ့
တိုင်းပြည်ဒုက္ခရောက်မဲ့အရေး
တိုင်းပြည်ပျက်မဲ့အရေးတွေကို
ဘယ်သတင်းစာ ဘယ်ဂျာနယ်ကမှ
မလုပ်ကြဘူးဆိုတာ သတိပေးပါရစေ
Like · · · 19 hours ago ·

No comments:

Post a Comment