Friday, January 24, 2014
ဘေးမှာ ဂရုစိုက်မယ့်သူ အများကြီးရှိပါရဲ့ 
ဒါပေမယ့် ကျွန်မလိုချင်တဲ့ မောင့်ရဲ့ ဂရုစိုက်မှုမှ မဟုတ်ပဲ
ကျွန်မဆီကို ဖုန်းတွေ မကြာမကြာ ဝင်ပါရဲ့ ဒါပေမယ့် ကျွန်မမျှော်နေတဲ့
မောင့်ဖုန်း Ringtone လေး ယောင်လိုတောင်မကြားရဘူးနော်
ကျွန်မကို ချစ်မြတ်နိုးသူတွေ ပေါပါရဲ့ 
ဒါပေမယ့် ကျွန်မ ချစ်တဲ့မောင်ကတော့
ကျွန်မကို ချစ်တယ်ပြောဖို့ မေ့လျော့နေတယ်ထင်ပါရဲ့ 
လူတစ်ယောက်ကို မျှော်ရတဲ့အလုပ်က အပင်ပန်းဆုံး တဲ့
ဟုတ်တယ် မောင်
ကျွန်မလဲ မောင့်ဆီက ဂရုစိုက်မှု
မောင့်ဆီက ဖုန်း
မောင့်ရဲ့ ချစ်တယ် ဆိုတဲ့ စကား
မောင့်ဆီက . . . .
မောင့်ဆီက . . . .
ဆိုပြီး မျှော်ရတာတွေ များလွန်းလို့ ပင်ပန်းလှပြီမောင်
ဒါပေမယ့်လဲ မျှော်လင့်တုန်း မျှော်လင့်ဆဲပေါ့မောင်
မျှော်လင့်ချက်တွေ မကုန်ဆုံးသေး သရွေ့ ပေါ့
*****ဆု*****
Subscribe to:
Post Comments (Atom)
No comments:
Post a Comment