Wednesday, January 22, 2014

"ဒါလားဟဲ့... အပြောင်းအလဲ"


=======================
လွန်ခဲ့သောအစိုးရလက်ထက်မှာပေါ့ဗျာ..။မင်္ဂလာတောင်ညွန့် ဘက်မှာ ဆရာတော်ကြီးတစ်ပါး တရားပွဲလုပ်တယ်။ ဆရာတော်ကြီးက အခု
ဒီတရားပွဲကရလာတဲ့အလှူငွေတွေကို နာရေးကူညီမှုအသင်း
(ရန်ကုန်)ကိုလှူချင်လို့ တရားပွဲကိုလာပြီးအလှူခံဖို့ အကြောင်းကြားတဲ့
အတွက်ကျွန်တော်တို့ သွားခဲ့ပါတယ်။

ဒါပေမယ့် လမ်းခုလတ်မှာတယ်လီဖုန်းဝင်လာပြီး "ဦးကျော်သူရေ..
စိတ်မကောင်းပါဘူးဗျာ၊နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုဆရာတော်ကြီး
လှူမယ့်အလှူငွေကိုအစိုးရအဖွဲ့ အစည်းတစ်ခုကမလှူရဘူး၊လှူခြင်း
လှူသူတို့ အဖွဲ့ ကိုဘဲလှူရမယ်"လို့ အမိန့် လာပေးတဲ့အတွက်
ငွေလှူဒါန်းခြင်း အစီအစဉ်ကိုဆရာတော်ကြီးမှစိတ်မကောင်းစွာ
ဖြင့်ဖျက်လိုက်ရပါပြီတဲ့ဗျာ။

အော်..အလှူငွေကိုတောင်ဓါးပြတိုက်ချင်တဲ့ခေတ်ဆိုးကြီးပါလားဟု
တွေးမိယုံမှတစ်ပါး...။ ဒါက အရင်ခေတ်။

အခုလာပြန်ပါပြီ...ယခု ပြောင်းလဲပြီလို့ ပြောပြောနေတဲ့ခေတ်။

တစ်နေ့ ကပေါ့ဗျာ။ပြည်ပနိုင်ငံကြီးတစ်ခုကပါမောက္ခကြီးတွေ၊
ဆရာဝန်ကြီးတွေကျွန်တော်တို့ နိုင်ငံရဲ့ ကျန်းမာရေးချို့ တဲ့နေသောေ
ကျေးလက်ဒေသများကို မေတ္တာရှေ့ ထားပြီးအပင်ပန်းခံကာဆေးဝါး
(အခမဲ့)လာရောက်ကုသပေးခဲ့တာလူနာပေါင်း(၄၀၀၀)နီးပါးလောက်
ကုသပေးနိုင်ခဲ့တယ်။

တစ်နေ့ ကသူတို့ အဖွဲ့ မပြန်ခင် သူတို့ နဲ့ ပါလာတဲ့ပိုလျှံနေသော
ဆေးဝါးသေတ္တာ(၃)လုံးကိုပြည်သူလူထုတွေ အတွက်ဆေးဝါးကုသ
ပေးဖို့ ကျွန်တော်တို့ အသင်းရှိ"သုခကုသိုလ်ဖြစ်ဆေးခန်း" ကိုလာရောက်လှူဒါန်းသွားတယ်။

အဲဒီမှာတင်...သူတို့ နောက်ကို တစ်ကောက်ကောက်လိုက်နေတဲ့
သက်ဆိုင်ရာကအထက်ကို သတင်းပေးလိုက်တဲ့အတွက် အဲဒီအထက်ကဆိုတဲ့သူက "ခင်ဗျားတို့  ကျော်သူ့ အသင်းကို
ဆေးသွားလှူလား၊မလှူနဲ့ နော်....လှူရင်နောက်တစ်ခေါက်မြန်မာပြည်
ကိုလာခွင့်မရှိဘူး"တဲ့ဗျာ။ကိုယ့်ပစ္စည်း ကိုယ်ဘယ်ကိုလှူလှူ ..လှူခွင့်မရှိတဲ့နိုင်ငံ။ ပြည်ပ ပညာရှင်များစိတ်ကုန်သွားမည့်နိုင်ငံ၊ မစ္ဆရိယစိတ်တွေများလွန်းတဲ့နိုင်ငံ၊ ဗြဟ္မစိုရ်စိတ်တွေခေါင်းပါးတဲ့နိုင်ငံ၊ ပရဟိတသမားတွေစိတ်ကုန်သွားမည့်နိုင်ငံ၊လူမှုရေးအလုပ်တွေကို
ဟန့် တားပိတ်ပင်မှုများနဲ့ လုပ်ကိုင်ပေးနေရတဲ့နိုင်ငံ...စတဲ့ နိုင်ငံအဖြစ်တော့ အဖြစ်မခံလိုပါ။

ပြည်ပနိုင်ငံများရဲ့  အထင်အမြင်သေးခံရမည်ကိုမလိုလားပါ။ ဒါကြောင့်မြန်မာပြည်သူလူထုအတွက် စစ်အာဏာရှင် ခေတ်ဆိုးကြီးမှ ကယ်တင်ပေးဖို့ မေတ္တာ၊စေတနာထားပြီးပြောင်းလဲမှုလုပ်ပေးမည်
ဆိုပါက" ပြောင်းလဲမှုဟူသည် ယူနီဖေါင်းပြောင်းကြယုံနှင့်တော့မရ။ စိတ်ဓါတ်၊ ခံယူချက်၊ဦးတည်ချက်၊ရည်ရွယ်ချက်များပါ ပြည်သူ့ 
အတွက်ဟု မှတ်ကျောက်တင်ကာ သစ္စာဆိုရဲသောပြောင်းလဲမှု
လုပ်နိုင်ဖို့ လိုအပ်ကြောင်းဗြဟ္မစိုရ်တရား(လေးပါး) ကိုလက်ကိုင်
ပြုကာမေတ္တာစကားပါးလိုက်ရပါသည်။ သို့ မှသာ " ဒါမှ...တကယ့်အပြောင်းအလဲ " ဖြစ်ပေတော့မည်။

ကျော်သူ
Like · · · 238

No comments:

Post a Comment