Tuesday, January 14, 2014

အသားထဲက လောက်ကောင် (သို့မဟုတ်) မြန်မာတိုင်းမ်



မြန်မာတိုင်းမ် သတင်းဂျာနယ်ဟာ မြန်မာနိုင်ငံမှာ နေပြီး ထောက်လှမ်းရေးခေတ်က ဗိုလ်ချုပ်သိန်းဆွေတို့နဲ့ ပေါင်းပြီး မြန်မာနိုင်ငံ သတင်းတွေကို နိုင်ငံတကာဖြန့်ချိဖို့ ၀ါဒဖြန့် ယန္တရားတစ်ခု အနေနဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားသား ပညာရှင် ရှာတဲ့အခါ သြဇီသား ရော့စ်ဒကန်ကလေကို ရွေးချယ်ခဲ့ပါတယ်။ ဗိုလ်ချုပ်သိန်းဆွေရဲ့ သား ဆန်နီဆွေက အဓိကတာဝန်ယူခဲ့ပါတယ်။

ဒီနောက်မှာတော့ ထောက်လှမ်းရေး ဖြုတ်ထုတ်သတ်ပွဲအပြီးမှာ ဒန်ကလေလည်း အခြေအနေမဟန်တော့ဘူး ဆိုတာကို ရိပ်မိပြီး ကမ္ဘောဒီးယားကို ပြေးပြီး အင်္ဂလိပ်ဘာသာနဲ့ သတင်းစာ တစ်စောင် ထုတ်ပါတယ်။

မြန်မာတိုင်းမ်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ဒေါက်တာတင်ထွန်းဦးက လွှဲပြောင်းရယူပြီး အစုရှယ်ယာပုံစံမျိုး လုပ်ဆောင်ခဲ့ပါတယ်။ စတင်ဖွဲ့စည်းခဲ့စဉ်က ထောက်လှမ်းရေးလက်ကိုင်ဒုတ် အဖြစ် ပေါ်ထွက်လာခဲ့တဲ့ မြန်မာတိုင်းမ်ဟာ အစိုးရသစ် လက်ထက်မှာ ဖအေ မရှိတော့ဘဲ ယောင်ချာချာဖြစ်ခဲ့ရပါတယ်။

ဒန်ကလေဟာလည်း နိုက်ကလပ်က အမျိုးသမီးတယောက်ကို နိုင့်ထက်စီးနင်း ပြုကျင့်မှုနဲ့ တရားစွဲခံခဲ့ရပေမယ့် ငွေကိုလမ်းခင်းပြီး ဖြေရှင်းခဲ့ရပါတယ်။ ဒေါက်တာတင်ထွန်းဦးနဲ့ ပြဿနာတွေ တက်ပြီး မြန်မာတိုင်းမ်ဂျာနယ် ဖျက်သိမ်းရေး တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပေမယ့် တရားရုံးပ ပလပ်ခဲ့ပါတယ်။

ုမြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ သိလိုတာ ရှိရင် စောင့်ကြည့်ဖို့က New Light of Myanmar ရှိပါတယ်။ ဒါကို နိုင်ငံတကာက မယုံပါဘူး။ ဒီတော့ ဧရာဝတီတို့ မဈိမတို့လို အင်္ဂလိပ်ဘာသာနဲ့ တင်ပြတဲ့ ၀က်ဘ်ဆိုက်တွေကို ကြည့်ကြရပါတယ်။

အဲဒီအချိန်မှာ အပတ်စဉ်ထုတ် အင်္ဂလိပ်သတင်းစာစောင် မြန်မာတိုင်းမ် ထွက်လာတဲ့အချိန်မှာ နိုင်ငံတကာသတင်းတွေမှာ အတော်ကလေး နေရာယူနိုင်ခဲ့ပါတယ်။ မြန်မာတိုင်းမ်သတင်းတွေကို ယုံကြည်စွာ ကိုးကားတာတွေလည်း ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မိတ္ထီလာ အရေးအခင်းမှာ မှတ်တမ်းဓါတ်ပုံတွေ အင်တာနက်မှာ စပြီး ဖြန့်ချိခဲ့တာက မြန်မာတိုင်းမ်က ဓါတ်ပုံသတင်းထောက်တစ်ယောက် ဖြစ်တယ် လို့လည်း သိရပါတယ်။

အခုနောက်ဆုံးမှာ ရိုဟင်ဂျာလော်ဘီဆရာကြီး ၀ါကာအူဒင်ရဲ့ဝါဒဖြန့်ဆောင်းပါးကို မြန်မာတိုင်းမ်း စာစောင်၊ မြန်မာတိုင်းမ် အင်တာနက်စာမျက်နှာ၊ မြန်မာတိုင်းမ်ဖေ့စ်ဘုတ် ရှိရှိသမျှအကုန်လုံးမှာ ဖော်ပြလာခဲ့ပါတယ်။

ဒီဆောင်းပါးဟာ မြန်မာနိုင်ငံအမည်ကို ခံထားတဲ့၊ မြန်မာနိုင်ငံ အခြေစိုက် မီဒီယာဖြစ်တဲ့၊ မြန်မာနိုင်ငံရဲ့ ၀ါဒဖြန့်ချိရေးစာစောင်လို့ သိရှိထားကြတဲ့ မြန်မာတိုင်းမ်စာစောင်မှာ ဖော်ပြပါရှိခဲ့တာဟာ ရိုဟင်ဂျာကို လက်မခံဘူး လို့ တရားဝင် ပြောကြားထားတဲ့ နိုင်ငံအစိုးရ၊ ပြည်သူတစ်ရပ်လုံးကို စော်ကားလိုက်တာပဲ ဖြစ်ပါတယ်။

ဒီနာမည်ခံပြီး မြန်မာနိုင်ငံကို ပြန်ပြီး သစ္စာဖောက်တဲ့ လောက်ကောင် လုပ်ရပ်လည်း ဖြစ်ပါတယ်။

ဒီကိစ္စအတွက် မြန်မာတိုင်းမ် ဂျာနယ် တာဝန်ယူရပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ မြန်မာတိုင်းမ်ဆိုတာ မရှိအောင် လုပ်ရပါလိမ့်မယ်။
မြန်မာတိုင်းမ် ထုတ်ဝေမှုတွေ ရပ်ဆိုင်းသွားအော်င လုပ်ရပါလိမ့်မယ်။
မြန်မာတိုင်းမ် အင်တာနက်စာမျက်နှာ ရပ်ဆိုင်းသွားအောင် လုပ်ရပါလိမ့်မယ်။

မြန်မာတိုင်းမ် တာဝန်ရှိသူ မြန်မာတွေ ဒီကိစ္စကို ချက်ချင်း အမြန်ဆုံး ဖြေရှင်းပေးပါ။

ချက်ချင်းဆောင်ရွက်ပေးပါ လို့ သတိပေး တောင်းဆို လိုက်ပါတယ်။

No comments:

Post a Comment