Monday, December 2, 2013

ပုဂံမြို့ ထန်းဦးယဉ်မြေနေရာ ပြန်လည်ရရှိရန် ဒီနေ့ဆွေးနွေးပွဲ ပြုလုပ်တယ်လို့ Zay Yar Myint Bgn မှာတွေ့လိုက်ရပါတယ်။


ဒီဆွေးနွေးပွဲကို ကျွန်တော်မသိလိုက်ပါ၊ ဒါပေမဲ့ ကျွန်တော်အကြံပြုချင်တာ က အင်တာနက်စာမျက်နှာပေါ်တွင်ရေးရေး အထက်ကို စာတင်ရင်ပဲ ဖြစ်ဖြစ် အဲဒီအသုံးအနူန်းကို မသုံးစေလိုပါ၊ ပြန်လည်ရရှိရေး ဆိုတဲ့ အဓိပ္ပယ်ဟာ ဒီမြေကိုမြို့ကိုအပိုင်ပေးထားတဲ့ မြေနေရာမှသာ သုံးရမှာဖြစ်ပြီး မြို့မြေကွက်ချ စဉ်တုန်းက ၁၉၉၂ မြို့ပြမြေပုံမှာ ပလပ် (ပယ်မြေ )အဖြစ်သာပါပြီး မြို့ကလိုအပ်လို့ အသုံးပြုခဲ့သည့်အတွက် ၊ မြို့မြေပြန်လည်ရရှိရေးအစား...( မြို့အတွက်အသုံးပြုခဲ့ သောမြေနေရာအား ပြန်လည်အသုံးပြုခွင့် ရရှိရေးဟု )အစားထိုးအသုံးပြုစေလိုပါသည်။
ထိုနောက် မြေကိုပြန်လည်အသုံးပြုမှာလား ၊ အလျှော်ယူမှာလား ဆိုတဲ့ ကိစ္စပါ....အဲဒါလည်း မြေကိုပြန်လည်အသုံးပြုခွင့် ရရှိရေး မှာ အသုံးပြုခွင့် ပြန်လည်ပေးအပ်ရေးမှာ သမ္မတ ကလွဲလို့ ဘယ်သူတစ်ဦးတစ်ယောက်မှ ဆုံးဖြတ်ပိုင်ခွင့်မရှိပါ ( လယ်ယာမြေကိစ္စများနှင့် လုံးဝမတူ၍ ဖြစ်ပါသည်) ထိုကြောင့် သမ္မတဆီ တိုက်ရိုက်တင် ရမှာဖြစ်ပါတယ် ၊ထိုသို့တင်ရာတွင်လည်း မြို့လူထု၏ ထောက်ခံချက်များပါ ပူးတွဲတင်ရမှာ ဖြစ်ပါတယ်။
အလျှော်ပြန်လည်ရရှိရေးဆိုလျှင်တော့ လက်ရှိဟော်တယ်ပိုင်ရှင် (ဦးတေဇ )ကိုတိုက်ရိုက်တင်ပြပြီး သူ၏ အထွေထွေ ကိုယ်စာလှယ်ရသူ နှင့် တွေဆုံဆွေးနွေးရန် မြို့လူထု၏ ယုံကြည်စွာ လွဲအပ်သူ ၂ယောက် ၃ယောက်နှင့် ဆွေးနွေးသင့်ပြီး၊ ဆွေနွေးစဉ် လွှတ်တော်အမတ်များ၊ အာဏာပိုင်အဖွဲ့အစည်းများ စသည်တို့ကိုသက်သေ ထား၍ ဆွေးနွေးသင့်ပါတယ်၊ထိုနောက်မြို့လူထု၏ အဆုံးအဖြတ်ဖြင့် ရသင့်ရထိုက်သည့် အရာများကို တောင်းရမ်းသင့်ပါကြောင်း......

No comments:

Post a Comment