Monday, December 2, 2013

*** ယနေ့အကြိုက်ဆုံး ကဗျာ **

*


တိုင်းပြည်၏ ကဗျာ ဦးအောင်ဆန်းနှင့် စေ့စပ်ထားတုန်း ဦးနုနဲ့လက်ထပ် ခဲ့ရတယ် ဦးနုကိုသံယောဇဉ်ရှိလာတော့ ဗိုလ်နေ၀င်းက ဗလက်ကာယပြုယူခြင်းခံခဲ့ရတယ်၊ ဦးနေ၀င်း အဓမ္မကျင့်နေတာ မခံနိုင်ခဲ့တော့လို့ ရုန်းထတွန်းကန်လိုက်တော့ …. သူ့တပည့်လက်မရွံ့ တွေရဲ့ ပြန်ပေးဆွဲခြင်းခံရပြန်တယ်၊ ဗိုလ်စောမောင် ကတုန်ကရင်၇ဲ့ ရင်ခွင်မှာ မကြာလိုက်ပါဘူး ဗိုလ်နှစ်ဗိုလ် တလှည့်စီအပန်းဖြေစရာဖြစ်ခဲ့ရတယ်၊ ဗိုလ်နှစ်ဗိုလ်ကသောင်းကနင်းဖြစ်ပြီးတော့ သံဃာထု ထောင်အသင်းနဲ့ ခြေတော်လျှင် ရွှေတိဂုံမှာ မေတ္တာသုတ်နဲ့ ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပြန်တယ်၊ ပြန်ပေးသမားများအားကောင်းလွန်းနေတော့ ဘယ်သူမှမတတ်သာ နာဂစ်မှာအတည်ဖြစ်ကြောင်း သေနတ်ပေါင်းများစွာ ထိုးချိန်ထားခြင်းခံရတဲ့အောက်မှာ ထာဝရပေါင်းမဲ့ ရှေ့ရေးအတွက် မကြည်ဖြူလဲ စာချုပ်လက်မှတ် ထိုးခဲ့ရတယ်….. လင်များသွားတဲ့ တိုင်းပြည် ….အကြင်မသနားတဲ့တိုင်းပြည် ခန္ဓာအလုံးစုံ စေ့စေ့ကြေနေပြီမို့ မေတ္တာရှင် မိခင်ဆီ လှည့်ပြန်ဖို့ စဉ်းစားနေခိုက် ၂၀၀၈ သေနတ်ပြောင်းအောက်က လက်ထပ်စာချုပ် အရှုပ်ရှုပ်တွေ အလီလီထပ်နေလေတော့………….ပြင်ဖို့ခက်သား……………. ကျေးဇူးတင်ပါသည် ဂိုလ်ရှယ်လေး

No comments:

Post a Comment