Monday, December 2, 2013

မလေးရှားရောက် မြန်မာများအတွက် အရေးပေါ် (သတိပေးချက်) ====================================== ၁.၁၂.၂၀၁၃ (ညနေ ၄ နာရီ) ယခုလက်ရှိ ၁.၁၂.၂၀၁၃ (ညနေ ၄ နာရီအချိန်မှာ) ကေအယ် မြို့ထဲလာမည့် သူများသတိထားကြပါ။ ကိုတာရာယာ ကုန်တိုက်ဘေး (မက်ဒေါနားဆိုင် နှင့် ကိုယ်တာရာယာဘေး လမ်းကြား) WMK 7468 ဗန်ကား ငွေရောင်ကားထိုးပြီး ယခုဖမ်းနေတယ်။ လူတိုင်းကိုတော့ မဟုတ်ဘူး အနားကဖြတ်သွားတဲ့ သူတွေကို စစ်ပြီး အထောက်အထား မခိုင်လုံရင် ကားပေါ်ဆွဲတင်နေပါတယ်။ ဒီလို အဖမ်းခံရရင် အနည်းဆုံး ရင်းဂစ် ၅၀၀ ကနေ ၁၅၀၀ ထိတောင်းပါတယ်။ အချုပ်ထဲမှာ နီးစမ်ရာ ဆွေမျိုး သူငယ်ချင်းများမှ လိုက်ထုပ် ပေးရပါတယ်။ လာမထုပ်သူ မရှိရင်တော့ အချုပ်ထဲမှာပဲ နေရပါတယ်။ အသွားအလာ ဆင်ခြင်ကြပါ ခင်ဗျာ။ KL မြို့ထဲသွားရင် WMK 7468 ဗန်ကားငွေရောင် တွေ့ရင် မြန်မာများ ရှောင်ကြဉ်ရန် ကိုတာယာရာ ကုန်တိုက်ရဲ့ဘေးနာက လမ်းကြားထဲ မြန်မာအလုပ်သမားများ သွားလာ သတိပြုစေချင်ပါသည်။ တရားမ၀င်တဲ့နိုင်ငံခြားသားများကို အကြောင်းပြုပြီး အထောက်အထားမရှိတဲ့သူများနှင့် အထောက်အထား မခိုင်လုံသူတို့အား ဖမ်းဆီးမှုပြုလုပ်ပြီးလျှင် အခကြေးငွေ ပေးလျှင် ပြန်လွှတ်ပေးသည်။ သို့ဖြစ်ပါ၍ အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ် (ကွာလာလမ်ပူ) ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။ ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့ ရှောင်ကြပါ။ (မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။ ဖုန်းရောင်းတာတွေ ဝယ်တာတွေ ဂရုစိုက်ပါ။ လမ်းတွေမှာ ဖုန်းတွေပြပြီး ရောင်းလျှင် လုံးဝမဝယ်မိပါစေနဲ့ ဖုန်းအတုတွေပါ။ ဈေးပေါတယ် ဆိုပြီး မဝယ်မိပါစေနဲ့ နေ့စဉ် အလိမ်ခံရနေပါတယ်။ ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရတာ စိတ်တော့ မကောင်းဘူး) ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး .... ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင် အားလုံး သတိထားကြပါ။ မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ..

No comments:

Post a Comment