Monday, December 2, 2013

အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောပြီး ပြန်လည်ထွက်ခွာချိန်မှာ

နိုဝင်ဘာ ၃၀ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမမှာ ကျင်းပတဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်းများ တက်ရောက်လာသူများကို နှုတ်ဆက်စကားပြောနေတဲ့ သမ္မတကြီး။ ဘီးတပ်ကုလားထိုင်နဲ့ တစ်ယောက်ကတော့ ခြေထောက်ဒဏ်ရာရထားတဲ့ ဆရာဦးသာဥာဏ်ပါ။ နောက်တစ်ယောက်ကတော့ မသိပါဘူး။ ဒါ့ကြောင့် ကျွန်တော်ကတော့ ဆရာဦးသာဥာဏ်ကို ခြေထောက်ကို ဂရုစိုက်ဖို့ နှုတ်ဆက်စကားဆိုခဲ့ပေမယ့် ကျန်တဲ့အမကြီးကိုတော့ ပြုံးပြပြီးပဲ နှုတ်ဆက် နိုင်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးပွဲကို ဘီးတပ်ကုလားထိုင်နဲ့ လာတက်တာကို ကြည့်ရင် အရပ်ဘက် လူမှုအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍအပေါ် သူတို့ ဘယ်လောက်အလေးထားတယ်ဆို တာ သိနိုင်ပါတယ်။

No comments:

Post a Comment