Thursday, December 19, 2013

Pyay CTပြည် မြို့သူ မြို့သားများဆုံဆည်းရာ...

.........။
ပြည်မြို့တွင် အခွန်ကြွေးကျန် ကျပ်သန်း သုံးရာရှိ

ပြည်တွင်း အခွန်များဦးစီးဌာနမှ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန် အစရှိသည့် အခွန်စည်းကြပ်ကောက်ခံရာတွင် ပြည်မြို့နယ်တွင် ပြည်တွင်းအခွန်ဦးစီးဌာနမှရရန် အခွန်ကြွေးကျန် ကျပ်သန်း သုံးရာဝန်းကျင်ရှိနေကြောင်း ပြည်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ သတင်းရရှိသည်။
"နှစ်အဆက်ဆက်ကြွေးကျန် သန်းသုံးရာလောက်ရှိတယ်။ ဒါတွေကို ၂၀၁၃-၁၄ ဘတ်ဂျက်မှာ အပြီးကောက်နိုင်ဖို့ ညွှန်ကြားထားပါတယ်" ဟု ပြည်မြို့နယ် အခွန်ဦးစီးဌာနမှူးကပြောသည်။ ပြည်မြို့နယ်အတွင်းရှိ အခွန်စည်းကြပ်သင့်သော ဝင်ငွေရှိသည့် လုပ်ငန်း၊ စားသောက်ဆိုင်၊ ဟိုတယ်များကို နယ်မြေကိုးခုခွဲကာ အခွန်စည်းကြပ်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၏ တင်ပြတောင်းဆိုမှုများကြောင့် စားသောက်ဆိုင်၊ ဟိုတယ်များတွင် စားသုံးသူများက အခွန်ပေးဆောင်နိုင်ရေးအတွက် အသိပေးနှိုးဆော် ဗီနိုင်းများဖြင့် နိုဝင်ဘာလမှစ၍ လိုက်လံနှိုးဆော်ထားကြောင်း သတင်းရရှိသည်။
"ကျွန်တော်တို့ဆိုင်တွေက အခွန်ဆောင်တဲ့ဆိုင်တွေဆိုပြီး စာတွေလာကပ်ပေးထားတယ်။ ခုထိတော့ဆိုင်ရှင်က စားသုံးသူတွေဆီက ပိုမတောင်းခိုင်းသေးဘူး။ ဒီလကုန်မှ တောင်းခိုင်းမလားတော့မသိဘူး" ဟု ပြည်မြို့လက်ဖက်ရည်ဆိုင်တစ်တိုင်မှ စားပွဲထိုးဝန်ထမ်းတစ်ဦးက ပြောသည်။

ဇော်မင်းထိုက်

No comments:

Post a Comment