Thursday, December 19, 2013

အဆိုးမြင်တယ်ပဲ ပြောပြောပေါ့နော် .

[Voice of the Day ]
============
..
ဥပဒေ အထက်မှာ ဘယ်သူရှိသလဲ ? ဆိုတာ
နာစရာကောင်းတဲ့မေးခွန်း မဟုတ် ပါဘူးကွယ်။
ခုံရိုက်ချိုး၊ Billboard မီးရှို့ တယ်။
အရမ်း ပေါက်ကွဲသွားတယ် ဆိုပါတော့။
Ok လက်ခံတယ်။
ဦးဇော်ဇော်က လာထုတ်သွားတယ်။
အားလုံးအေးဆေး
နီးရင် ၅သောင်း၊ ဝေးရင် ၁သိန်း ခရီးစရိတ်ထောက်တယ်။
ဘာတဲ့ ဦးဇော်ဇော်ပြောတာ
" ဒီလို မျိုးချစ်စိတ်ရှိတဲ့လူတွေ အချုပ်ထဲ ရောက်နေရင်
ကျွန်တော်အိပ်လို့ ဘယ်ရပါ့မလဲ " တဲ့။
ပုဒ်မ ၁၈ အပါအဝင် တခြားသော ပုဒ်မတွေ နဲ့
အထဲရောက်သွားရသူတွေက မျိုးချစ်စိတ် မရှိလို့ပေါ့နော် ...
ဒီငြိမ်းလင်းတို့လည်းပြောရမယ်၊
နောက်ဆို ဆန္ဒမထုတ်ဖော်နဲ့၊ ထောင်ကျမယ်။
မကျေနပ်တာရှိရင် ဘောလုံးပွဲရှိတဲ့အထိစောင့်လို့ ။
အဓိက ပြောချင်တာက တစ်ချက်တည်းပဲ
ဒီနိုင်ငံရဲ့ သားရေကွင်းလို လိုသလို ကျုံ့ဆန့်
ကြိုက်ရာလုပ်လို့ရတဲ့ဥပဒေ ကိုထောက်ပြ ချင်တာပါ။
နောက်တစ်ခါ ဥပဒေအထက်မှာ
ဘယ်သူရှိ သလဲလို့ ဆိတ်ဖွားမေးရင်
လွှတ်တော်မတင်နဲ့ ဆိတ်ဖမ်းလည်းမထွက်နဲ့ ...
ဒီအဖြစ်အပျက်တွေကို နမူနာယူပြီး
ကိုယ့်ပါးကိုယ် ၇ ခါလောက်ရိုက်လိုက်တော့ .....

( Archangel AK )

#MyanmarDaily.net အနေဖြင့် သဘောတူသည် မတူသည်ကို ကိုယ်စားပြုခြင်းမဟုတ်ဘဲ ယနေ့အတွက် ထူးခြားသော Voice/Status အဖြစ် ဝေဖန်သုံးသပ်နိုင်ကြစေရန် ရည်ရွယ်၍ဖော်ပြခြင်းသာဖြစ်ပါသည် ။=

No comments:

Post a Comment