Wednesday, December 18, 2013

" ပါရမီဖြည့် ဖို့လိုပါတယ် "



တရားတော့ အားထုတ်နေပါရဲ့၊ အပူဒဏ်, အအေးဒဏ်လည်း
သည်းမခံနိုင်၊ အစားဆင်းရဲ ၊ အအိပ်ဆင်းရဲဒဏ်လည်း
သည်းမခံနိုင်၊ ဟိုလူအပြစ်ပြော, ဒီလူကဲ့ရဲ့ဒဏ်လည်း
သည်းမခံနိုင်၊ ဟိုလူနဲ့ တရားငြင်းခုံလိုက်၊
ဒီလူနဲ့ တရားရန်ဖြစ်လိုက် ဖြစ်နေမယ်ဆိုရင်
`` အမျက်မထွက်ခြင်း၊ သည်းခံခြင်း ´´ ဆိုတဲ့
`` ခန္တီပါရမီ ´´ ချို့တဲ့နေတဲ့အတွက်
ဘယ်တော့မှ တရားထူး မရနိုင်ပါဘူး။

ဒါဆိုရင် ဝိပဿနာအလုပ်ကို
အားထုတ်နေရင်းနဲ့
ခန္တီပါရမီ ကိုလည်း
ပူးတွဲဖြည့်ကျင့်သွားရမယ်ဆိုတာ
သဘောပေါက်လောက်ပါပြီ။
အတိတ်ဘဝတွေက
ခန္တီပါရမီ ဖြည့်ကျင့်ခဲ့မှလည်း
ဒီဘဝမှာ
ခန္တီစွမ်းအား ကြီးမားနိုင်တာပါ။
တခြားပါရမီတွေလည်း နည်းတူပါပဲ။

သာဝကဗောဓိဉာဏ်ဆိုတဲ့
တရားထူးရဖို့အတွက်
အတိတ်ဘဝတွေကလည်း
ပါရမီဖြည့်ခဲ့ဖို့ လိုသလို
ဒီဘဝမှာလည်း
ပါရမီဖြည့်နေဖို့ လိုပါတယ်။

{ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) }

No comments:

Post a Comment