Wednesday, December 18, 2013

ကံဆိုးနေပြီဆိုရင် ဘာလုပ်မလဲ



ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ အခြေခံစိတ်ဓာတ်ဟာ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်။

ဆိုးတာလုပ်ရင် ဆိုးကျိုးခံစားရမယ် ဆိုတာကိုပြက်ပြတ်သားသား ယုံကြည်ဖို့ လိုတယ်။

အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေ
အဆင်မပြေတော့ဘူး ... စိတ်ဆင်းရဲစရာကြုံနေပြီ ဆိုရင်
ဘာဗေဒင်ဆရာ ၊ ဘာနတ်ကတော် ၊ ဘာအကြားအမြင်
ဘာနက္ခက်မှ အားမကိုးနဲ့တော့ ..

ငါ့မှာ အကုသိုလ်မီးတွေ လောင်နေပြီလို့ သိ လိုက်တော့ ....
အတိတ်က အကုသိုလ်မီး ၊ ပစ္စုပ္ပန် အကုသိုလ်မီး (၂)မျိုးလုံးရှိတယ် ...
အဲ့ဒီမီးတွေ လောင်လို့ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊
လူမှုရေး တွေ အဆင်မပြေတာလို့ သိလိုက်..

အဲ့လိုအဆင်မပြေရင် ဗုဒ္ဓပေးတဲ့ နည်းက
ဒါန ၊ သီလ ၊ ဘာဝနာ တွေ များများလုပ် ၊
အကုသိုလ်မီးကို ကုသိုလ်ရေ နဲ့ ငြိမ်း
နက္ခက်တွေ ဗေဒင်တွေ နဲ့ ငြိမ်းလို့ မငြိမ်းနိုင်ပါဘူး ...

ဘုရားရှင်ကိုယ်တိုင် အားမပေးပါဘူး ....
(ခါးတဲ့မျိုးစေ့ကိုစိုက်ရင် ခါးတဲ့မျိုးစေ့ကိုစားရလိမ့်မယ်
ချိုတဲ့မျိုးစေ့ကို စိုက်ရင် ချိုတဲ့မျိုးစေ့ကို စားရလိမ့်မယ်)

မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်
(ဖန်ဆင်းရှင်သုံးဦး တရားတော်မှ ထုတ်နှုတ်သည်==

No comments:

Post a Comment