Thursday, December 19, 2013

စကားပြောသွက်လာခြင်းသည် မာယာအတတ် တတ်လာခြင်းကြောင့်မဟုတ်ဟု အလင်းရောင်ဆို


Thursday, December 19, 2013

အခုတစ်လော ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေသည့် မော်ဒယ် သရုပ်ဆောင် အလင်းရောင်သည် အနုပညာအလုပ်များဖြင့် များပြားလျက် ရှိသည်။

“ကျွန်တော် အနုပညာအလုပ်တွေ အခုချိန်မှာ ဆက်တိုက် လုပ်ခွင့်ရနေပါတယ်” ဟု ဆိုသည်။ ယင်း အပြင် ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေ အားပေးခြင်းကိုလည်း များစွာဝမ်းသာကြောင်း၊ အပြင်တွင် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးနေကြခြင်းကိုလည်း ၎င်းအနေဖြင့် မထင်မှတ်ထားကြောင်း ပွင့်လင်းစွာ ဆိုသည်။ ယင်းအနေဖြင့် အနုပညာလောကထဲတွင် အစပထမက အပျော်သဘောဖြင့်သာ ၀ါသနာမပါဘဲ ၀င်ရောက်လာခဲ့သော်လည်း တဖြည်းဖြည်းလုပ်ကိုင်ရင်း ၀ါသနာပါလာခြင်းကြောင့်ဇောက် ချ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ယင်းသို့ သေချာဇောက်ချလုပ်ကိုင်ခြင်းသည် ဆယ်ကျော် သက်နှုတ်ခမ်းနီမလေးများနှင့် သူချစ်သောပရိသတ်များအတွက် ဆက်လက်လုပ်ကိုင်ခြင်း ဖြစ်သည်။

ယင်းအနေဖြင့် အနုပညာအလုပ်ကို ရိုးသားခြင်းဖြင့် ၀င်ရောက်လာသော်လည်း မိဘများက ရှုပ်ထွေး သောအနု ပညာလောကထဲကို ၀င်ရောက်ရန် အစက သဘောမတူခဲ့ကြောင်း၊ စကားပြောနည်းသည့် သူ့အနေဖြင့် အမှန်တကယ် ၀င်ရောက်လာချိန်တွင် မာယာများသည့် အနုပညာလောကသည် ရှုပ်ထွေး နက်နဲပြီး အခက်တွေ့စေကြောင်း ပွင့်လင်းစွာ ဆိုသည်။ ယခုအချိန်တွင် ၎င်းသည်လည်း အနည်းငယ် သွက်လက်ပြီး ပြောင်းလဲစေခဲ့ခြင်းသည် မာယာအတတ်ပညာများ တတ်လာခြင်းကြောင့်မဟုတ်ဟု ပြော သည်။

ယင်းသည် မဟော်ဂနီရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးဖြင့် တိုက်ပိုင်မင်းသားလုပ်ရန် စာချုပ် ခုနစ်နှစ် ချုပ်ထား ခြင်းသည် တစ်နှစ်ခွဲကျော်ရှိပြီဖြစ်သည်။ အလင်းရောင်သည် ၎င်းတိုက်ဖြင့် စာချုပ်ရှိသော်လည်း အနု ပညာလုပ်ငန်များကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိသည်။ “စာချုပ် ချုပ်တယ်ဆိုတာက နှစ်ဖက်စလုံး သဘောတူလို့ ချုပ်တာပါ။ နောက်ပိုင်းအလုပ်တွေ လုပ်ဖြစ် မဖြစ်ဆိုတာ ရှိမှာမဟုတ်ပါဘူး”ဟု ပြောခြင်း သည် စာချုပ်ဖြင့် လုပ်ကိုင်နေသော်လည်း တစ်စုံတစ်ခုကြောင့် ပျက်ပြယ်သွားလျှင် ပြင်ဆင်ထားမှုကို မဇ္ဈိမက မေးခြင်းကြောင့် ဖြစ်သည်။

ယခုအချိန်တွင် ရုပ်ရှင်ကားကြီး တစ်ကားတွင် ခေါင်းဆောင်အဖြစ် ပါဝင်ရိုက်ကူးထားပြီး ဗီဒီယိုနှစ်ကားကို ၎င်းကုမ္ပဏီဖြင့် ရိုက်ကူးထားသည်။

အလင်းရောင်သည် မန္တလေးတွင် မော်ဒယ်ရှိုးတစ်ခုကို ကြည့်ခဲ့ပြီး အပျော်သဘောဖြင့် လုပ်ကိုင်ရန်အတွက်Talent & Model တင်မိုးလွင်တွင် သင်တန်းတက်ပြီးနောက် ဂျွန်လွင်၏ Star Model Agency ကို ကူးပြောင်းခဲ့ပြီး မဟော်ဂနီ၏ စင်တင်မင်းသားတစ်လက် ဖြစ်လာခဲ့သည်။ မဟော်ဂနီသည် ယခုအခါ တွင် အလင်းရောင်၊ သူရိယတို့ကို ခေါင်းဆောင်မင်းသားတင်ကာ တိုက်ပိုင်မင်းသားအဖြစ် လုပ်ကိုင် လျက်ရှိပြီး ယခင်က မြင့်မြတ်ကို တိုက်ပိုင်မင်းသားအဖြစ် တင်ခဲ့သည့် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည်။

No comments:

Post a Comment